Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 21:14

Judson Bible

အိမ်​နီး​ချင်း​ကို သတ်​မည်​အ​ကြံ​ရှိ၍ အ​နိုင်​တိုက်​သော​သူ​ကို​ကား၊ ငါ့​ယဇ်​ပ​လ္လင်၌ ခို​လှုံ​သော်​လည်း၊ ဆွဲ​ယူ၍​သတ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။

ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ​မ​သေ​စေ​နှင့်၊ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်၊ တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊

ရဲ​ရင့်​သော​ဒု​စ​ရိုက်​ကို​လည်း ကိုယ်​တော်၏​ကျွန်​သည် မ​ပြု​ရ​မည်​အ​ကြောင်း ဆီး​တား​တော်​မူ​ပါ။ ဒု​စ​ရိုက်​အ​ပြစ်​သည် အ​ကျွန်ုပ်​ကို အ​စိုး​မ​ရ​ပါ​စေ​နှင့်။ ထို​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​သည်​ဖြောင့်​မတ်​ခြင်း​ရှိ၍၊ ကြီး​စွာ​သော​ပြစ်​မှား​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

မိ​ဘ​ကို​အ​သေ​သတ်​သော​သူ​သည်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။

သို့​ရာ​တွင် လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ၊ သံ​လက်​နက်​နှင့်​ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ လူ​သတ်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

ငါ​ဆင့်​ဆို​သော်​လည်း သင်​တို့​သည်​နား​မ​ထောင်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ငြင်း​ဆန်၍ ခိုင်​ခံ့​သော​စိတ်​နှင့် တောင်​ပေါ်​သို့​တက်​ကြ၏။

ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။

အိမ်​နီး​ချင်း​ကို မ​ထင်​မ​ရှား​ရိုက်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ