လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။
အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အားဝန်ချ၍ နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှာ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
လူအသက်ကို မသတ်နှင့်။
ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။
လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။-
အိမ်နီးချင်းကို မထင်မရှားရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။