ထွက်မြောက် 20:17Judson Bibleကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူသည် အဖော်အဖက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တစ်ယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည်ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဖို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။-
ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏နွားကို ငါယူဖူးပြီနည်း။ အဘယ်သူ၏ မြည်းကိုယူဖူးပြီနည်း။ အဘယ်သူကို လှည့်စားဖူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဖူးပြီနည်း။ ကိုယ်မျက်စိကို ကွယ်စေခြင်းငှာ အဘယ်သူလက်မှ တံစိုးကိုခံဖူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသောသူရှေ့မှာ ငါ့တစ်ဖက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊