Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 20:16

Judson Bible

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး၏​အ​သ​ရေ​ကို ပျက်​စေ​ခြင်း​ငှာ​ပြော​ဆို​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏ အ​ကျိုး​ကို​ပြစ်​မှား​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို​လည်း ကဲ့​ရဲ့​ခြင်း​ကို​ရှောင်​ထ​သော၊

သင်​သည် မှား​သော​သ​တင်း​စ​ကား​ကို မ​ကြား​မ​ပြော​ရ။ မ​တ​ရား​သော​သူ​တို့​နှင့် ဝိုင်း​ညီ၍ မ​မှန်​သော​သက်​သေ​ကို​မ​ခံ​ရ။

အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။

လည်၍ စ​ကား​များ​စွာ​ပြော​တတ်​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သ​စ္စာ​စောင့်​သော​သူ​မူ​ကား၊ ဝှက်​ထား​တတ်၏။

မ​မှန်​သော​သက်​သေ​သည် အ​ပြစ်​မ​ခံ​ဘဲ​မ​နေ​ရ။ မု​သား​ကို​သုံး​သော​သူ​သည်​လည်း ဒဏ်​နှင့်​မ​လွတ်​ရ။

အိမ်​နီး​ချင်း​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို ခံ​သော​သူ​သည် တုတ်၊ ဓား၊ သံ​ချွန်​နှင့်​တူ၏။

သူ့​ဥ​စ္စာ​ကို မ​ခိုး​ရ။ သူ​တစ်​ပါး​ကို မ​လှည့်​စား​ရ။ တစ်​ယောက်​ကို​တစ်​ယောက် မု​သား​စ​ကား​မ​ပြော​ရ။

သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင့်​အ​မျိုး​သား​ချင်း​သည် သင့်​ကို​ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်​အ​ပြစ်​ပြန်၍ မ​တုံ့​ရ။ အ​ငြိုး​မ​ထား​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အ​ဘယ်​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​မည်​နည်း​ဟု လျှောက်​ပြန်​သော်၊ လူ​အ​သက်​ကို မ​သတ်​နှင့်။ သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။ သူ့​ဥ​စ္စာ​ကို မ​ခိုး​နှင့်။ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။-

စစ်​သူ​ရဲ​တို့​က​လည်း အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ သင်​တို့​သည် အ​ဘယ်​သူ​ကို​မျှ အ​နိုင်​အ​ထက် မ​ပြု​ကြ​နှင့်။ အ​ဘယ်​သူ​ကို​မျှ မ​လျှပ်​ကြ​နှင့်။ ကိုယ်​ရ​သော​အ​ခ​နှင့် ရောင့်​ရဲ​ကြ​လော့​ဟု ပြန်​ပြော၏။

မ​မှန်​သော သက်​သေ​ခံ​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် သန့်​ရှင်း​သော​အ​ရပ် ဌာ​န​တော်​နှင့် ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး၍ အ​စဉ်​မ​ပြတ် ပြော​ဆို​လျက်​နေ​ပါ၏။-

ခပ်​သိမ်း​သော စိတ်​တို​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငေါ်​ခြင်း၊ သူ့​အ​သ​ရေ ပျက်​အောင်​ပြော​ဆို​ခြင်း တို့​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော မ​နာ​လို​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​မှ ပယ်​ရှား​ကြ​လော့။-

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို မ​ခံ​နှင့်။

ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊-

ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ