ထွက်မြောက် 20:18Judson Bibleလူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။ |
ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တစ်ဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊
ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားမိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။