ထွက်မြောက် 15:22Judson Bibleထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကိုမတွေ့မရကြ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ တောသို့ သုံးရက်ခရီးသွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။