မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟုသမုတ်ကြသတည်း။
ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ လျှောက်သွားသဖြင့် ဧသံတောသို့ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စခန်းချကြ၏။
သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။