Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 15:21

Judson Bible

မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။

သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။

ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ဆုံး​မ​တော်​မူ​သော​အား​ဖြင့်၊ ရ​ထား​စီး​သော​သူ​နှင့် မြင်း​စီး​သော​သူ​တို့​သည် ကြီး​စွာ​သော အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​ကြ​ပါ၏။

ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။

ဖာ​ရော​ဘု​ရင်၏​ရ​ထား​နှင့် ဗိုလ်​ခြေ​တို့​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ရွေး​သော​ဗိုလ်​မင်း​တို့​သည်၊ ဧ​ဒုံ​ပင်​လယ်​ထဲ၌ မြုပ်​လျက်​ရှိ​ကြ​၏။

ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-

အို​ရှင်​ဘု​ရင်​တို့ ကြား​ကြ​လော့။ အို​မင်း​သား​တို့ နား​ထောင်​ကြ​လော့။ ငါ​သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​မည်။

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊

ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ