Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 15:20

Judson Bible

အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။

ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ဒါ​ဝိဒ်​သည်​လည်း ပိတ်​သင်​တိုင်း​ကို​ဝတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ က​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြတင်း​ပေါက်​ဖြင့်​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ က​လျက်​ခုန်​လျက်​လာ​သည်​ကို​မြင်၍ စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။

ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း​တို့​ကို ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။

ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား၊ အ​ချုပ်​ဝန်​ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​ပြင်​မြို့၌​နေ​သည် ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်၊ ရှာ​ဖန်၊ အ​သ​ဟိ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။

လေ​ဝိ​သား အ​ကြီး​အ​ကဲ​တို့​သည် စောင်း၊ တ​ယော၊ ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့် သီ​ချင်း​ဆို​တတ်​သော ညီ​အစ်​ကို​တို့​ကို ဝမ်း​မြောက်​စွာ အ​သံ​ပြိုင်​ဆို​စေ​ခြင်း​ငှာ ခန့်​ထား​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊

အာ​မ​ရံ​သား​ကား အာ​ရုန်၊ မော​ရှေ၊ မိ​ရိ​အံ​တည်း။ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။

အို အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ထို​သို့​ပြု​တတ်​သော တော​ဘိ​နှင့် သ​မ္ဘာ​လတ်​ကို​လည်း​ကောင်း၊ နော​ဒိ​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​မှ​စ၍ အ​ကျွန်ုပ်​ကို ခြိမ်း​ခြောက်​သော ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း မှတ်​တော်​မူ​ပါ။

သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။

ပတ်​သာ​တီး​လျက်၊ က​ခုန်​လျက်​နှင့် ချီး​မွမ်း​ကြ​လော့။ ကြိုး​နှင့်​ပြည့်​စုံ​သော တူ​ရိ​ယာ​ကို​တီး​လျက်၊ နှဲ​ခ​ရာ​ကို​မှုတ်​လျက် ချီး​မွမ်း​ကြ​လော့။

ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။

ဘု​ရား​ရှင်​အ​မိန့်​တော်​ရှိ၍၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော သူ​တို့​သည် အ​တိုင်း​မ​သိ များ​ကြ၏။

ရှေ့၌​ကား၊ သီ​ချင်း​ဆို​သော​သူ၊ နောက်၌​ကား၊ စောင်း​အ​မျိုး​မျိုး​ကို တီး​သော​သူ၊ အ​လယ်၌​ကား၊ ပတ်​သာ​ကို​တီး​သော အ​ပျို​တို့​သည် လိုက်​သွား​ကြ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ပ​ရိ​သတ်​အ​စည်း​အ​ဝေး​တို့၌ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

တူ​ရိ​ယာ​မျိုး​ကို ဆောင်​ကြ။ ပတ်​သာ​ကို​လည်း​ကောင်း၊ သာ​ယာ​သော​စောင်း​နှင့် တ​ယော​ကို​လည်း​ကောင်း ယူ​ခဲ့​ကြ။

သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။

ငို​ရ​သော​အ​ချိန်​နှင့် ရယ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ ညည်း​တွား​ရ​သော​အ​ချိန်​နှင့် က​ခုန်​ရ​သော​အ​ချိန်​လည်း ရှိ၏။

အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။

သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။

မော​ရှေ​သည် ကု​ရှ​အ​မျိုး​သား​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်၍၊ ထို​မိန်း​မ​ကြောင့် မိ​ရိ​အံ​နှင့်​အာ​ရုန်​သည် မော​ရှေ​ကို​အ​ပြစ်​တင်​လျက်၊

အ​ကယ်၍​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​ဖြင့်​သာ ဗျာ​ဒိတ်​ပေး​တော်​မူ​သ​လော။ ငါ​တို့​အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော​ဟု ဆို​ကြ၏။ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။

သ​က္က​ရာဇ်​လေး​ဆယ်၊ ပ​ထ​မ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဇိ​န​တော​သို့​ရောက်၍၊ ကာ​ဒေ​ရှ​အ​ရပ်၌ နေ​ကြ၏။ ထို​အ​ရပ်၌ မိ​ရိ​အံ​သေ၍ သင်္ဂြိုဟ်​လေ၏။

အာ​မ​ရံ၏​မ​ယား​ကား၊ အဲ​ဂု​တ္တု​ပြည်၌ လေ​ဝိ​မ​ယား​ဖွား​မြင်​သော လေ​ဝိ၏​သ​မီး​ယော​ခေ​ဗက်​တည်း။ ထို​မိန်း​မ​သည် အာ​မ​ရံ၏​မ​ယား​ဖြစ်၍၊ အာ​ရုန်၊ မော​ရှေ၊ နှ​မ​မိ​ရိ​အံ​တို့​ကို​ဖွား​မြင်​လေ၏။

အာ​ရှာ​အ​မျိုး​ဖြစ်​သော ဖ​နွေ​လ၏​သ​မီး၊ အ​န္န​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​တစ်​ယောက်​ရှိ၏။ သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ ခု​နစ်​နှစ်​သာ​လင်​နှင့် နေ​ပြီး​လျှင်၊-

ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။-

မိန်း​မ​မည်​သည်​ကား၊ မိ​မိ​ခေါင်း​ကို မ​ဖုံး​ဘဲ ဆု​တောင်း​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ခေါင်း​အ​သ​ရေ​ကို ရှုတ်​ချ၏။-

သင်​တို့၏ မိန်း​မ​တို့​သည် အ​သင်း​တော်၌ တိတ်​ဆိတ်​စွာ နေ​ကြ​စေ။ သူ​တို့​သည် ဟော​ပြော​ရ​သော အ​ခွင့်​မ​ရှိ​ကြ။ ပ​ညတ်​တ​ရား​စီ​ရင်​သည်​အ​တိုင်း သူ​တို့​သည် ယောက်ျား၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​ကြ​မည်။-

ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။

စ​ပျစ်​ဥ​ယျာဉ်​ထဲ​က ထွက်​ပြီး​လျှင်၊ ထို​မြို့​သ​မီး​တို့​ကို အ​သီး​အ​သီး ကိုယ်​မ​ယား​ဖြစ်​စေ​ဖို့ ဖမ်း​ဆီး၍ ဗင်္ယာ​မိန်​ပြည်​သို့ ဆောင်​သွား​ကြ​လော့။

ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။

ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ