Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:28

Judson Bible

ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​လျှင်​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည် ယော​သပ်​နှင့်​တ​ကွ​လိုက်​သွား​ကြ၏။

တစ်​ဖန်​ရေ​သည်​အား​ကြီး၍၊ မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​တက်​သ​ဖြင့်၊ သင်္ဘော​သည် ရေ​မျက်​နှာ​ပေါ်၌ မျော​လျက်​နေ​လေ၏။

ယု​ဒ​လူ​တို့​သည် တော၌​ရှိ​သော ကင်း​မျှော်​စင်​သို့​ရောက်၍၊ ထို​အ​လုံး​အ​ရင်း​ကို ကြည့်​ရှု​သော​အ​ခါ၊ ထို​လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ​မ​လွတ်၊ မြေ​ပေါ်​မှာ​လဲ​သော အ​သေ​ကောင်​ဖြစ်​ကြ၏။

သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။

ဟာ​မ​အ​မျိုး​နေ​ရာ၌ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်​နား​မှာ ကြောက်​မက်​ဖွယ်​သော အ​မှု​တို့​ကို​လည်း​ကောင်း​ပြု၍၊ ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊

ဘေး​နှင့်​ကင်း​လွတ်​အောင်​ဆောင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​ကြောက်​ရ​ကြ။ ရန်​သူ​တို့​ကို​ကား ပင်​လယ်​ရေ​သည် လွှမ်း​လေ၏။

မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။

ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။

ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။

အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊

ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။-

ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ