Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 14:27

Judson Bible

မိုး​လင်း​သော​အ​ခါ၊ မော​ရှေ​သည်​လက်​ကို ပင်​လယ်​ပေါ်​မှာ​ဆန့်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် အား​ကြီး၍​ပြန်​လာ​သည်​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြေး​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပင်​လယ်​အ​လယ်၌​လှဲ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။

ရန်​သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​ကျန်​ရစ်​စေ​ခြင်း​ငှာ၊ ရေ​သည် လွှမ်း​မိုး​လေ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဖာ​ရော​မင်း​နှင့် ဗိုလ်​ခြေ​များ​ကို ဧ​ဒုံ​ပင်​လယ်​ထဲ၌ လှဲ​ချ​တော်​မူ​ထ​သော၊

ဘေး​နှင့်​ကင်း​လွတ်​အောင်​ဆောင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​ကြောက်​ရ​ကြ။ ရန်​သူ​တို့​ကို​ကား ပင်​လယ်​ရေ​သည် လွှမ်း​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ရ​ဘ​ကျောက်​နား​မှာ မိ​ဒျန်​အ​မျိုး​သား​တို့​ကို ဒဏ်​ခတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကို လှံ​တံ​တော်​နှင့် မိုး​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​မင်း​အ​ဖို့ ဘေး​ဥ​ပဒ်​ကို​ပြင်​ဆင်၍၊ အဲ​ဂု​တ္ထု​လက်​ထက်၌​ကဲ့​သို့ တစ်​ဖန်​လှံ​တံ​တော်​ကို ချီ​တော်​မူ​မည်။

အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊

ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ သင်​တို့​နှင့် အဲ​ဂု​တ္တု​လူ​တို့​စပ်​ကြား​မှာ မှောင်​မိုက်​ကို​ငါ​ထား၍ သူ​တို့​ကို ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၏။ အဲ​ဂု​တ္တု​ပြည်၌ ငါ​ပြု​သော​အ​မှု​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ တော၌​လည်း ကာ​လ​ကြာ​မြင့်​စွာ နေ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ