Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ထွက်​မြောက် 14:29

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌​မြေ​ပေါ်​မှာ​လျှောက်​သွား၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့​ရှိ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။

သူ​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​မည်​အ​ကြောင်း သူ​တို့​ရှေ့​မှာ ပင်​လယ်​ကို​ခွဲ​တော်​မူ၏။ ညှဉ်း​ဆဲ​သော သူ​တို့​ကို​ကား၊ နက်​သော​ရေ​ထဲ​သို့ ကျောက်​ကို​ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ၏။

ဧ​ဒုံ​ပင်​လယ်​ကို​ဆုံး​မ​တော်​မူ၍၊ ပင်​လယ်​ရေ​သည် ခန်း​ခြောက်​လေ၏။ တော၌ ပို့​ဆောင်​သ​ကဲ့​သို့ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ ဧ​ဒုံ​ပင်​လယ်​ကို အ​ပိုင်း​ပိုင်း​ခွဲ​တော်​မူ​ထ​သော၊

ပင်​လယ်​ကို​ခွဲ၍ သူ​တို့​ကို လျှောက်​သွား​စေ​တော်​မူ၏။ ရေ​များ​ကို​စု​ပုံ၍ ထား​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။

နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

ပင်​လယ်​ရေ၊ နက်​နဲ​ရာ​ရေ​တို့​ကို ခန်း​ခြောက်​စေ၍၊ ပင်​လယ်​နက်​နဲ​ရာ အ​ရပ်​တို့​ကို ရွေး​နုတ်​သော​သူ​များ သွား​စ​ရာ​လမ်း ဖြစ်​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

မိုး​ကောင်း​ကင်​ကို ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​ကို​လည်း တည်​တော်​မူ​ထ​သော၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် မေ့​လျော့၍၊ ညှဉ်း​ဆဲ​သော​သူ​သည် ငါ့​ကို​ဖျက်​ဆီး​လု​ပြီ​ဟု စိတ်​ထင်​နှင့်၊ သူ၏​ဒေါ​သ​အ​မျက်​ကို အ​စဉ်​ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။ ယ​ခု​မှာ ညှဉ်း​ဆဲ​သော​သူ၏ ဒေါ​သ​အ​မျက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

ညီ​အစ်​ကို​တို့၊ ငါ​တို့​ဘိုး​ဘေး​အ​ပေါင်း​တို့​သည် မိုး​တိမ်​အောက်​မှာ​ရှိ၍၊ ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ကြ​သည်​ဟူ၍​လည်း​ကောင်း၊-

မြစ်​ညာ​က စီး​လာ​သော​ရေ​သည် တန့်​ရပ်၍ ဝေး​သော​အ​ရပ်၊ ဇာ​ရ​တန်​မြို့​နား​မှာ​ရှိ​သော အာ​ဒံ​မြို့​တိုင်​အောင် ပုံ့​ပုံ့​ကြွ​လျက်​နေ၏။ လွင်​ပြင်​အိုင်​တည်း​ဟူ​သော သော​ဒုံ​အိုင်​သို့ စီး​သွား​သော​ရေ​သည်​လည်း အ​ကုန်​အ​စင်​ပြတ်၍၊ လူ​များ​တို့​သည် ယေ​ရိ​ခေါ​မြို့​သို့ ရှေ့​ရှု​ကူး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ