Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:26

Judson Bible

သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။

နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌​မီး​တိုင်​ကို သူ​တို့​ရှေ့​မှ ရုပ်​သိမ်း​တော်​မ​မူ။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

ထို​စ​ကား​ကို သင်​တို့​သည် အိမ်၌​ထိုင်​လျက်​နေ​သည်​ဖြစ်​စေ၊ ခ​ရီး​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်​ထ​လျက်​ရှိ​သည်​ဖြစ်​စေ ဟော​ပြော၍၊ သား​သ​မီး​တို့​အား သွန်​သင်​ရ​ကြ​မည်။

ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။

နောင်​ကာ​လ၌ သင်၏​သား​က၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ဤ​သက်​သေ​ခံ​ချက်၊ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​သည် အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​လျှင်၊

ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ