Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:27

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်၍၊ ငါ​တို့​အိမ်​များ​ကို ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အိမ်​များ​ကို လွန်​သွား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​သ​ခါ​ယဇ်​ဖြစ်​သ​တည်း​ဟု ပြန်​ပြော​ရ​ကြ​မည်​ဟု မော​ရှေ​ဆို​ပြီး​လျှင်၊ ထို​သူ​တို့​သည်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက်​ဦး​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း​ရှိ​ခိုး​ကြ၏။

ယော​ရှ​ဖတ်​သည် မြေ​ပေါ်​မှာ​ဦး​ချ၍ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပျပ်​ဝပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

တစ်​ဖန် ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် မှူး​မတ်​တို့​သည် စီ​ရင်၍၊ လေ​ဝိ​သား​တို့​သည် ဒါ​ဝိဒ်​စ​ကား၊ ပ​ရော​ဖက်​အာ​သပ်​စ​ကား​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ၏။ ရွှင်​လန်း​သော​စိတ်​နှင့် ထော​မ​နာ​သီ​ချင်း​ကို​ဆို​လျက်၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ၏။

ဧ​ဇ​ရ​သည် မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၏။ လူ​အ​ပေါင်း​တို့​က အာ​မင်၊ အာ​မင်​ဟု လက်​တို့​ကို​ချီ​လျက်၊ ဝန်​ခံ၍ ဦး​ချ​ပျပ်​ဝပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

အ​ကြောင်း​မူ​ကား၊ ယာ​ကုပ်​အ​မျိုး၌ သက်​သေ​တ​ရား​ကို​စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပ​ညတ်​တ​ရား​ကို ထား​တော်​မူ၏။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ ထုတ်​ချင်း​ခပ်​သွား​တော်​မူ​မည်။ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်​၌​ရှိ​သော အ​သွေး​ကို​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​လွန်​သွား​တော်​မူ​မည်။ ဖျက်​ဆီး​သော​သူ​သည် သင်​တို့​ကို​ဒဏ်​ခတ်​ခြင်း​ငှာ၊ အိမ်​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကာ​လ၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကြောင့်​ဤ​သို့​ပြု​ရ၏​ဟု ထို​နေ့​၌​သား​မြေး​တို့​အား ကြား​ပြော​ရ​မည်။

ငါ့​ယဇ်​ကောင်​အ​သွေး​ကို တ​ဆေး​နှင့် ရော၍ မ​ပူ​ဇော်​ရ။ ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​ကို၊ နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။

မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊

ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-

ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​အ​ရပ်​ရပ်​တို့​တွင် ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​သော အ​ခွင့်​ရှိ​သည်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ