Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:25

Judson Bible

က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။

သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊

ထို​ကြောင့်​စီ​ရင်​တော်​မူ​သော ဤ​ထုံး​စံ​ကို၊ မိ​မိ​အ​ချိန်၌ နှစ်​စဉ်​အ​တိုင်း စောင့်​ရ​ကြ​မည်။

သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ