Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:24

Judson Bible

သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။

ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။

က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။

ထို​ကြောင့်​စီ​ရင်​တော်​မူ​သော ဤ​ထုံး​စံ​ကို၊ မိ​မိ​အ​ချိန်၌ နှစ်​စဉ်​အ​တိုင်း စောင့်​ရ​ကြ​မည်။

သင်​တို့​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​များ၌ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​သော​ပြည်၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ​တည်း​ဟူ​သော နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့​ပို့​ဆောင်​တော်​မူ​ပြီး​မှ၊ ယ​ခု​လ​တွင် သင်​တို့​သည် ဤ​ဝတ်​ကို​ပြု​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ