ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပထမလဖြစ်ရမည်။
ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ်၊ နိသန် အမည်ရှိသော ပထမလတွင်၊ နေ့ရက်အစဉ်၊ လအစဉ် အတိုင်းလိုက်၍၊ အာဒါအမည်ရှိသော ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ၏။
ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးမှစ၍ နှစ်ဆယ်တစ်ရက်နေ့ ညဉ့်ဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။
သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
မောရှေကလည်း၊ သင်တို့သည်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှထွက်သွားသော ဤနေ့ရက်ကိုအောက်မေ့ကြလော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှနုတ်ဆောင်တော်မူပြီ။ တဆေးပါသောမုန့်ကိုမစားရ။
အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။
အကြောင်းမူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်ကထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
သင်သည်အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမပွဲကိုခံရမည်။
သက္ကရာဇ်နှစ်ခု၊ ပထမလ၊ ပထမနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။
ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။
ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
ပထမလ တစ်ဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် အဗိဗလ၊ ညအခါ၌ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောကြောင့်၊ အဗိဗလကိုမှတ်၍၊ သင်၏ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုခံလော့။