Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:3

Judson Bible

သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​က ငါ့​သား၊ ယဇ်​ရှို့​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ဖို့​ပြင်​ဆင်​တော်​မူ​လိမ့်​မည်​ဟု ဆို​လေ၏။

အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။

စည်း​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​ခံ​စ​ရာ​ဖို့၊ ယော​ရှိ​မင်း​သည် မိ​မိ​ဥ​စ္စာ၊ သိုး​သ​ငယ်၊ ဆိတ်​သ​ငယ်​သုံး​သောင်း​နှင့် နွား​သုံး​ထောင်​ကို ပေး​တော်​မူ၏။

ဤ​လ​သည် သင်​တို့၌ လ​ဦး​တည်း​ဟူ​သော နှစ်​စဉ်​တွင် ပ​ထ​မ​လ​ဖြစ်​ရ​မည်။

ထို​အ​ခါ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​သည် အိမ်​ထောင်​များ​အ​သီး​အ​သီး ကိုယ်​စီ​ကိုယ်​စီ သိုး​သ​ငယ်​တို့​ကို​ယူ၍ ပ​သ​ခါ​ပွဲ​ဖို့​သတ်​ကြ​လော့။

အိမ်​ထောင်​ငယ်၍ သိုး​သ​ငယ်​တစ်​ကောင်​နှင့် မ​တန်​လျှင်၊ နီး​စပ်​သော​အိမ်​နီး​ချင်း​နှင့် စပ်​ဖက်၍ လူ​မည်​မျှ​ရှိ​သည်​ဟု ရေ​တွက်​ပြီး​လျှင်၊ တစ်​ကောင်​ကို စား​လောက်​သော​သူ​များ​ကို​ထောက်၍ သိုး​သ​ငယ်​တစ်​ကောင်​ကို ယူ​ရ​မည်။

ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ဘယ်​ကြောင့် ငါ့​ကို​အော်​ဟစ်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တက်​သွား​စေ​ခြင်း​ငှာ​မှာ​လိုက်​လော့။

မော​ရှေ​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​မိန့်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တို့​သည် နား​ထောင်​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား ဘု​ရား​သ​ခင်​မိန့်​တော်​မ​မူ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​တို့​သည်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

အာ​ရုန်​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​ပြန်​ပြော၍၊ လူ​တို့​ရှေ့​မှာ​နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လေ၏။

ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။

ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။

သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။

ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ အ​မ​တစ်​ကောင်​ကောင်​တည်း​ဟူ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

နွား​တစ်​ကောင်၊ သိုး​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​သော​အ​ခါ ထို​သို့​ပြု​ရ​မည်။

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။-

ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-

နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊-

သင်​တို့​သည် တ​ဆေး​မဲ့​ဖြစ်​သည်​နှင့်​အ​ညီ၊ အ​သစ်​သော မုန့်​စိမ်း​ဖြစ်​မည်​အ​ကြောင်း၊ ဟောင်း​သော​တ​ဆေး​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​တည်း​ဟူ​သော ငါ​တို့​ပ​သ​ခါ သိုး​သ​ငယ်​သည် ငါ​တို့​အ​ဖို့ ယဇ်​ပူ​ဇော်​ရာ​ဖြစ်၏။-

နက်​ဖြန်​နံ​နက်၌ သင်​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက်​ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား မှတ်​တော်​မူ​သော​အ​ဆွေ​အ​မျိုး​သည်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အ​မျိုး​သည်၊ အိမ်​ထောင်​စုံ​နှင့် ချဉ်း​ကပ်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မူ​သော​အိမ်​ထောင်​သည် လူ​အ​သီး​အ​သီး​ချဉ်း​ကပ်​ရ​ကြ​မည်။

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

ရှ​မွေ​လ​သည်​လည်း နို့​စို့​သိုး​သ​ငယ်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ဆု​တောင်း၍ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ