ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
ယခုမှာ၊ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဖို့ဆုတောင်းလျှင်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မပေးဘဲနေလျှင်၊ သင်မှစ၍၊ သင်နှင့်ဆိုင်သောသူအပေါင်းတို့သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
စည်းဝေးသော ဣသရေလအမျိုးသားတို့သည်၊ ထိုအခါ ပသခါပွဲကိုလည်းကောင်း၊ အဇုမပွဲကိုလည်းကောင်း၊ ခုနစ်ရက်ပတ်လုံး ခံကြ၏။
မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဖွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။
ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌လည်းကောင်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌လည်းကောင်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။
ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးမှစ၍ နှစ်ဆယ်တစ်ရက်နေ့ ညဉ့်ဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။
ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပထမလဖြစ်ရမည်။
ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်လည်၍၊ ပိဟဟိရုတ်မြို့နား၊
သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။
ပထမလ တစ်ဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။
ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သောကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော ယခုလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
သိန်တောတွင် ပထမလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။
ထိုနောက် နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲ ရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။-
ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊-
ပေတရုကိုလည်း ဖမ်းဆီးပြီးမှ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့်အရှောက်စစ်သူရဲ တစ်ကျိပ်ခြောက်ယောက်တို့၌အပ်၍ ထောင်ထဲမှာ လှောင်ထားလေ၏။-
ဘုရားသခင်၏ လူတစ်ယောက်သည် ဧလိထံသို့လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့်အဘ၏အမျိုးအားငါထင်ရှားသည် မဟုတ်လော။