Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:15

Judson Bible

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ရ​မည်။ ပ​ထ​မ​နေ့​ရက်၌ တ​ဆေး​ကို အိမ်​များ​မှ​ပယ်​ရ​မည်။ ပ​ထ​မ​နေ့​မှ​စ၍ ခု​နစ်​ရက်​နေ့​တိုင်​အောင်၊ တ​ဆေး​ပါ​သော​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ဖျား​မ​လှီး၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သား​ယောက်ျား​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ၏။ ထို​သူ​သည် ငါ့​ပ​ဋိ​ညာဉ်​ကို​ဖျက်​လေ​ပြီ​ဟု အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။

ယေ​ရု​ရှ​လင်​မြို့၌ စည်း​ဝေး​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခု​နစ်​ရက်​ပတ်​လုံး အ​လွန်​ရွှင်​လန်း​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​ခံ​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် အ​သံ​ကျယ်​သော​တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ နေ့​ည​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း ဆို​ကြ၏။

ခု​နစ်​ရက်​ပတ်​လုံး ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ဇု​မ​ပွဲ​ကို​လည်း ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဗိ​မာန်​တော် တည်​ဆောက်​ခြင်း​အ​မှု​မှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် မ​စ​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​တော်​ကို သူ​တို့​ဘက်​သို့ ကူး​စေ​တော်​မူ၏။

အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဥ​ပုသ်​နေ့​သည် သင်​တို့​အား​သန့်​ရှင်း​သော​ကြောင့် ထို​နေ့​ကို​စောင့်​ရ​ကြ​မည်။ ဥ​ပုသ်​နေ့​ကို​ဖျက်​သော​သူ​တိုင်း အ​သေ​ခံ​ရ​မည်။ ထို​နေ့၌ အ​လုပ်​လုပ်​သော သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

သင်​သည်​အ​ဗိ​ဗ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကြောင့်၊ ငါ​ပ​ညတ်​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ​တွင် ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား၍ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​မည်။

ငါ့​ယဇ်​ကောင်​အ​သွေး​ကို တ​ဆေး​နှင့် ရော၍ မ​ပူ​ဇော်​ရ။ ပ​သ​ခါ​ပွဲ​ယဇ်​ကောင်​ကို၊ နံ​နက်​တိုင်​အောင်​မ​ကြွင်း​စေ​ရ။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

အ​သွေး​သည် ခပ်​သိမ်း​သော​ကိုယ်​ခ​န္ဓာ အ​သက်​ရှင်​ရာ​အ​ကြောင်း​ဖြစ်၏။ ထို​ကြောင့် သင်​တို့​သည် တစ်​စုံ​တစ်​ခု​သော​ကိုယ်​ခ​န္ဓာ၏​အ​သွေး​ကို​မ​စား​ရ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ့​အ​မိန့်​တော်​ရှိ၏။ ခပ်​သိမ်း​သော ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်​သော​ကြောင့်၊ အ​သွေး​ကို​စား​သော​သူ မည်​သည်​ကား၊ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။

ထို​သို့​ပြု​သော ဆ​ရာ​နှင့် တ​ပည့်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သော​သူ​ကို​လည်း​ကောင်း၊ ယာ​ကုပ်​တဲ​တို့​မှ ပယ်​ဖြတ်​တော်​မူ​မည်။

၎င်း​လ​တစ်​ဆယ်​ငါး​ရက်​နေ့၌ ပွဲ​ကို​ခံ​ရ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။

ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မုန့်၏​တ​ဆေး​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မ​မူ။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​တို့၏ ဩ​ဝါ​ဒ​ကို ကြဉ်​ရှောင်​ကြ​ဟု မိန့်​တော်​မူ​သည်​ကို နား​လည်​ကြ​သ​တည်း။

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-

ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊-

ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊-

သင်​တို့​ကို မှောက်​မှား​စေ​သော​သူ​တို့​ကို ပယ်​ရှား​နှင်​ထုတ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​နေ့​ရက်​ကို တစ်​သက်​လုံး​အောက်​မေ့​ဖို့​ရာ ပ​သ​ခါ​ပွဲ​ခံ​စဉ်၊ တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ​ဘဲ၊ တ​ဆေး​မ​ပါ​သော မုန့်​တည်း​ဟူ​သော ဒု​က္ခ​မုန့်​ကို ခု​နစ်​ရက်​ပတ်​လုံး​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​လျင်​တ​ဆော ထွက်​လာ​သ​တည်း။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​အ​ရပ်​ရပ်​တို့​တွင် ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​သော အ​ခွင့်​ရှိ​သည်​မ​ဟုတ်။

ခြောက်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​မည်။ သ​တ္တ​မ​နေ့၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ ထို​နေ့​ရက်၌ အ​လုပ်​မ​လုပ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ