Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:14

Judson Bible

ဤ​နေ့​ရက်​သည်​လည်း သင်​တို့​အောက်​မေ့​စ​ရာ​ဖို့​ဖြစ်၍၊ သင်​တို့၏​အ​မျိုး အ​စဉ်​အ​ဆက်​မ​ပြတ် ဤ​နေ့​ရက်၌ ထာ​ဝ​ရ​ဘု​ရား​အား​ပွဲ​ခံ​ရ​ကြ​မည်။ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ထို​ပွဲ​ကို​အ​စဉ်​အ​မြဲ​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။

အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို အောက်​မေ့​ဖို့​ရာ စီ​ရင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တတ်​သော သ​ဘော၊ သ​နား​စုံ​မက်​တတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​အ​မည်​သည် နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ဘွဲ့​နာ​မ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက် တည်​ပါ၏။

ထို​အ​ဇု​မ​ပွဲ​ကို​ခံ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ထို​နေ့​ရက်၌ သင်​တို့ ဗိုလ်​ခြေ​များ​ကို၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က ငါ​နုတ်​ဆောင်​သည်​ဖြစ်၍၊ ထို​အ​ကြောင်း​ကြောင့် ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း၊ သင်​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ထို​နေ့​ရက်​ကို အ​မြဲ​စောင့်​ရ​ကြ​မည်။

သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။

ပ​သ​ခါ​ပွဲ​တ​ရား​ဟူ​မူ​ကား၊ တစ်​ပါး​အ​မျိုး​သား​မ​စား​ရ။

ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဉ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

နံ​နက်​တိုင်း​အ​စဉ်၊ ထို​သိုး​သ​ငယ်​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ မုန့်​ညက်​တစ်​ဧ​ဖာ​တွင် ခြောက်​စု​တစ်​စု ကို​လည်း​ကောင်း၊ မုန့်​ညက်​နှင့်​ရော​ရ​သော ဆီ​လေး​လော​ဃ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား အ​စဉ်​အ​မြဲ​ပြု​ရ​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ တ​ရား​ပေ​တည်း။

၎င်း​လ​ဆယ်​ငါး​ရက်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​ကြ​မည်။ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​ကြ​မည်။

ထို​သ​ရ​ဖူ​သည် ဟေ​လင်၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ၊ ဇေ​ဖ​နိ၏​သား ဟင်​တို့​အ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ သက်​သေ​ဖြစ်​ရ​မည်။

အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထို​တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း။

ပ​ရိ​သတ်​အ​ဝင်​ဖြစ်​သော​သူ၊ သင်​တို့​တွင်​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ​တို့​သည်၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော တစ်​ပါး​တည်း​သော​ထုံး​စံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​သည်​ဖြစ်​သည်​နည်း​တူ သူ​သည်​လည်း ဖြစ်​ရ​မည်။

ထို​သို့ အာ​ရုန်​အ​မျိုး​မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​သား​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ပူ​ဇော်​သော​အား​ဖြင့်၊ ကော​ရ​နှင့် သူ၏​အ​ပေါင်း​အ​သင်း​ကဲ့​သို့ မ​ဖြစ်​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​လင်​ပန်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သ​တိ​ပေး​ရာ​နိ​မိတ်​ဖြစ်​ရ​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။

ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား သင်​တို့​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​ကိုယ်​ဖြစ်၏။ ငါ့​ကို အောက်​မေ့​ဖို့​ရာ ဤ​သို့​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗိ​ဗ​လ၊ ည​အ​ခါ၌ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော​ကြောင့်၊ အ​ဗိ​ဗ​လ​ကို​မှတ်၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​လော့။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။

သင်​တို့​က၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ၊ သေ​တ္တာ​တော်​ရှေ့​မှာ မြစ်​ရေ​ပြတ်​လေ​သည်​ဟု ပြန်​ပြော​ရ​ကြ​မည်။ ထို​သို့ ဤ​ကျောက်​တို့​သည် အ​စဉ်​မ​ပြတ် ဣ​သ​ရေ​လ​အ​မျိုး​သား​အောက်​မေ့​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ယော​ရှု​မှာ​ထား​သည်​အ​တိုင်း၊

ထို​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး၌ ထို​သို့​သော ထုံး​စံ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​ထုံး​ဖွဲ့​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ