Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 12:16

Judson Bible

ပ​ထ​မ​နေ့၌​လည်း​ကောင်း၊ ခု​နစ်​ရက်​နေ့၌​လည်း​ကောင်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်၌ လူ​တိုင်း​စား​ခြင်း​ကိ​စ္စ​နှင့်​ဆိုင်​သော အ​လုပ်​အ​ဆောင်​မှ​တစ်​ပါး အ​ခြား​သော​အ​လုပ်​ကို မ​လုပ်​မ​ဆောင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ဥ​ပုသ်​နေ့​ကို သင်​တို့​အား​ပေး​တော်​မူ​ပြီ။ ထို​ကြောင့် ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ရက်​အ​တွက်​မုန့်​ကို​ပေး​တော်​မူ၏။ လူ​တိုင်း မိ​မိ​နေ​ရာ၌​နေ​စေ၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ မိ​မိ​နေ​ရာ​မှ အ​ဘယ်​သူ​မျှ မ​သွား​စေ​နှင့်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

နေ့​တိုင်း​သိမ်း​ယူ​သော​အ​ရာ​ထက်၊ ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ဆ​ကို သိမ်း​ယူ၍​ပြင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

သ​တ္တ​မ​နေ့​ရက်​သည် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​နေ့၌ သင်​မှ​စ၍​သင်၏​သား​သ​မီး၊ ကျွန်​ယောက်ျား၊ မိန်း​မ၊ တိ​ရ​စ္ဆာန်၊ သင်၏ တံ​ခါး​အ​တွင်း၌​နေ​သော ဧည့်​သည်​အာ​ဂ​န္တု​သည် အ​လုပ်​မ​လုပ်​ရ။

သင်​သည်​အ​ဗိ​ဗ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သော​ကြောင့်၊ ငါ​ပ​ညတ်​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ​တွင် ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား၍ အ​ဇု​မ​ပွဲ​ကို​ခံ​ရ​မည်။

အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

ထို​နေ့၌​လည်း ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို စီ​ရင်​ရ​ကြ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။

သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။

ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ အ​လုပ်​ကို​မ​လုပ်​ရ။

ပ​ထ​မ​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

သ​တ္တ​မ​နေ့၌​လည်း၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

ထို​မှ​တစ်​ပါး၊ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​ပြီး​မှ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သော​နေ့၊ အ​ဦး​သီး​သော​အ​သီး​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။ တံ​ပိုး​မှုတ်​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။

၎င်း​လ တစ်​ဆယ်​ငါး​ရက်​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ဘဲ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​မည်။

ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-

ခြောက်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို စား​ရ​မည်။ သ​တ္တ​မ​နေ့၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ ထို​နေ့​ရက်၌ အ​လုပ်​မ​လုပ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ