သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြနှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သောဘုရားမည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးလက်မှလည်းကောင်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။