Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 10:9

Judson Bible

မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​အိမ်​သား၊ အစ်​ကို​တို့​အိမ်​သား၊ အ​ဘ​အိမ်​သား​ရှိ​သ​မျှ တို့​သည်​လိုက်​ကြ၏။ သူ​ငယ်​တို့​နှင့်​သိုး​နွား​များ​ကို​သာ၊ ဂေါ​ရှင်​ပြည်၌ ကျန်​ရစ်​စေ​ကြ၏။

ဖာ​ရော​မင်း​က၊ သင်​တို့​နှင့် သူ​ငယ်​များ​ကို​ငါ​လွှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ရှိ​စေ​သော။ သ​တိ​ပြု၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သည်​တ​ကား။

ကျွန်ုပ်​တို့​သည် တိ​ရ​စ္ဆာန်​များ​ကို​ဆောင်​သွား​ရ​မည်။ တစ်​ကောင်​မျှ မ​ကျန်​ရစ်​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​အ​ထဲ​က ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​စ​ရာ​ဖို့ ရွေး​ယူ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​ဘယ်​မည်​သော​အ​ကောင်​နှင့် ဝတ်​ပြု​ရ​မည်​ကို ထို​အ​ရပ်​သို့​မ​ရောက်​မီ မ​သိ​ပါ​ဟု​ဆို​လေ​သော်၊

သင်​တို့​တောင်း​သည်​အ​တိုင်း သိုး​နွား​များ​ကို​ယူ၍​သွား​ကြ​လော့။ ငါ့​ကို​လည်း ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။

အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။

ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မ​ပါ​သော​မုန့်​ကို​စား​ပြီး​မှ၊ ခု​နစ်​ရက်​မြောက်​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ပွဲ​ခံ​ရ​ကြ​မည်။

သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။

သင်​သည် ကိုယ်​ဥ​စ္စာ​နှင့် အ​ဦး​သီး​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​လော့။

ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။

၎င်း​လ တစ်​ဆယ်​ငါး​ရက်​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ဘဲ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​မည်။

အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​မ​ပြု​ကောင်း​ဟု သင်​တို့​ထင်​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ ဘိုး​ဘေး​တို့​ဝတ်​ပြု​သော​ဘု​ရား၊ သင်​တို့​နေ​ရာ အာ​မော​ရိ​ပြည်​သား​တို့၏​ဘု​ရား​များ​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​တို့​အား ဝတ်​ပြု​မည်​အ​ရာ​ကို ယ​နေ့​ရွေး​ကြ​လော့။ ငါ​နှင့် ငါ့​အိမ်​သား​ဖြစ်​လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​မည်​ဟု ဆို​လေ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ