ထိုသို့မဖြစ်ရာ။ အရင်တောင်းလျှောက်သည်အတိုင်း၊ ယောက်ျားဖြစ်သောသူတို့သာသွား၍ ထာဝရဘုရားအားဝတ်ပြုကြဟု မိန့်တော်မူသဖြင့်၊ သူတို့ကိုအထံတော်မှ နှင်ကြလေ၏။
မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။
ဖာရောမင်းက၊ သင်တို့နှင့် သူငယ်များကိုငါလွှတ်သည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့၌ရှိစေသော။ သတိပြု၊ မကောင်းသောအကြံကို ကြံကြသည်တကား။
မောရှေကိုလည်း၊ ငါ့ထံမှထွက်သွားလော့။ နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့။ ငါ့မျက်နှာကိုမြင်သောနေ့၌ သေမည်ဟု မိန့်တော်မူ၏။
အဲဂုတ္တုရှင်ဘုရင်ကလည်း၊ မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း။ အမှုတော်ကိုသွား၍ ဆောင်ရွက်ကြဟု မိန့်တော်မူ၏။