Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:5

Judson Bible

ထို​အ​ခါ သင်​တို့​သည် မီး​ကို​ကြောက်၍ တောင်​ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့်၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် သင်​တို့ စပ်​ကြား​မှာ​ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ထို​အ​ရပ်​မှ​မျက်​နှာ​လှည့်၍ သော​ဒုံ​မြို့​သို့​သွား​ကြ၏။ အာ​ဗြ​ဟံ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​လျက်​ရှိ​သေး​၏။

မြင့်​သော​အ​ရပ်​တို့​ကို ပယ်၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၏။ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ မော​ရှေ​လုပ်​သော ကြေး​ဝါ​မြွေ​ကို အ​ပိုင်း​ပိုင်း​ဖြတ်၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထို​ကာ​လ​တိုင်​အောင်၊ ထို​မြွေ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​မြွေ​ကို န​ဟု​တ္တန်​အ​မည်​ဖြင့် မှည့်​သ​တည်း။

ထို​အ​ခါ ရွေး​ကောက်​တော်​မူ​သော​မော​ရှေ​သည် အ​မျက်​တော်​ကို​လွှဲ၍၊ ထို​သူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​စေ​ခြင်း​ငှာ၊ ဖျက်​ဆီး​ရာ​အ​ရပ်၊ ရှေ့​တော်၌​မ​ရပ်​လျှင်၊ သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ၏။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။

မော​ရှေ​သည်​လည်း လူ​များ​တို့​ရှိ​ရာ​သို့​ဆင်း၍ ကြား​ပြော​လေ၏။

သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။

အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​စပ်​ကြား​မှာ​ရပ်​နေ၍၊ ဘေး​ဥ​ပဒ်​ငြိမ်း​လေ၏။

သို့​ဖြစ်၍ ပ​ညတ်​တ​ရား​သည် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း ဟူ​မူ​ကား၊ က​တိ​တော်​ကို​ခံ​သော အ​မျိုး​အ​နွယ် မ​ဖြစ်​မီ​တိုင်​အောင်၊ ဒု​စ​ရိုက်​များ​ကြောင့် ထို​တ​ရား​ကို ထပ်၍ ပေး​တော်​မူ၏။ ထို​တ​ရား​ကို ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် အာ​မ​ခံ၏ လက်၌​ထား​တော်​မူ၏။-

ကိုယ်​တော်​သည် အ​နီး​အ​ပါး​သို့ ချဉ်း​သွား၍၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သ​မျှ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​မိန့်​တော်​မူ​သ​မျှ​ကို ဆင့်​ဆို​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​နား​ထောင်၍ ပြု​ပါ​မည်​ဟု လျှောက်​ဆို​ကြ၏။

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ