Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 5:6

Judson Bible

မိန့်​မြွက်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ၏​လူ​များ​မူ​ကား၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​အ​လို​မ​ရှိ​ကြ​ပါ​တ​ကား။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

ထို​အ​ခါ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​ဟူ​မူ​ကား၊

သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၌ မှီ​ဝဲ​သ​မျှ​သော​သင်​တို့​မူ​ကား၊ ယ​နေ့​တိုင်​အောင် အ​သက်​ရှင်​ရ​ကြ၏။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်​သော​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​အ​ကျိန်​ကို မ​ဖျက်​လို​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​လက်​မှ အား​ကြီး​သော​လက်​တော်​နှင့် သင့်​ကို ရွေး​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ပြီ။

သင်​သည် မာ​န​ထောင်​လွှား​ခြင်း​သို့ ရောက်၍၊ အ​ထက်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ထ​သော၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ