Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 5:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ မီး​ထဲ​က​သင်​တို့​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ မိန့်​မြွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း ကြည့်​ရှု​လော့။ သင်​နှင့်​ငါ​ပြော​သော​အ​ခါ လူ​များ​တို့​သည်​ကြား​၍ အ​စဉ်​အ​မြဲ သင့်​ကို​ယုံ​မည်​အ​ကြောင်း၊ မိုး​တိမ်​တိုက်၌ သင့်​ဆီ​သို့​ငါ​လာ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို လူ​များ​တို့​အား ပြန်​ပြော​လေ​၏။

ထို​အ​ခါ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​များ​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား​သည် အ​ဆွေ​ခင်​ပွန်း​ချင်း​ကို နှုတ်​ဆက်​တတ်​သည်​နည်း​တူ၊ မော​ရှေ​နှင့် မျက်​နှာ​ချင်း​ဆိုင်၍ နှုတ်​ဆက်​တော်​မူ၏။ မော​ရှေ​သည် တပ်​ထဲ​သို့ ပြန်​ဝင်​သော​အ​ခါ သူ၏​လက်​ထောက်​နုန်၏​သား ယော​ရှု​မည်​သော​လု​လင်​သည်၊ တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ၏။

သူ၌​ဗျာ​ဒိတ်​ပေး​သော​အ​ခါ၊ နက်​နဲ​သော​စ​ကား​အား​ဖြင့် မ​ပေး၊ ကိုယ်​တိုင်​ကိုယ်​ကြပ် ထင်​ရှား​စွာ​ဗျာ​ဒိတ်​ပေး​မည်။ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပုံ​သ​ဏ္ဌာန်​ကို​လည်း မြင်​ရ​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ငါ့​ကျွန်​မော​ရှေ​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​ဝံ့​သ​နည်း​ဟု မိန့်​တော်​မူ​လျက်၊

ဤ​ပြည်၌​နေ​သော​သူ​တို့​အား သ​တင်း​ပြော​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး၌ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိုး​တိမ်​တော်​သည် သူ​တို့​ကို​လွှမ်း​မိုး​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည် နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌ မီး​တိုင်​ဖြင့် သူ​တို့​ရှေ့​က​ကြွ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​မှ​စ၍ ပြည်​သား​အ​ပေါင်း​တို့၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု အ​လုံး​စုံ​တို့​ကို​ပြု၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ မ​ဟာ​တန်​ခိုး​တော်​နှင့် အ​လွန်​ကြောက်​မက်​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို ပြ​လေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ မျက်​နှာ​တော်​ကို ကိုယ်​တိုင်​ကိုယ်​ကြပ်​ဖူး​မြင်​ရ​သော ပ​ရော​ဖက်​မော​ရှေ​ကဲ့​သို့ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး၌ သူ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​စုံ​တစ်​ပါး​မျှ မ​ပေါ်​မ​ထွန်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော တ​ရား​ဟော​ရာ​ကျမ်း​ပြီး၏။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ၏။ သင်​တို့​သည် သ​ဏ္ဌာန်​တော်​ကို​မ​မြင်​ရ​ဘဲ၊ စ​ကား​တော်​အ​သံ​ကို​သာ ကြား​ရ​ကြ၏။

ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​ထဲ​က​သင်​တို့​အား မိန့်​မြွက်​တော်​မူ​သော​အ​ခါ၊ မည်​သည့်​အ​ဆင်း​သ​ဏ္ဌာန်​ကို​မျှ မ​မြင်​ရ​သည်​ဖြစ်၍၊

ဘု​ရား​သ​ခင်​သည် မီး​ထဲ​က​မိန့်​မြွက်​တော်​မူ​သံ​ကို သင်​တို့​သည်​ကြား​သ​ကဲ့​သို့၊ အ​ခြား​သော​လူ​မျိုး​သည် ကြား၍၊ အ​သက်​ချမ်း​သာ​ရ​ဖူး​သ​လော။

သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။

ထို​စ​ကား​တော်​ကို ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ပေါ်​မှာ​မီး၊ မိုး​တိမ်၊ ထူ​ထပ်​သော​မှောင်​မိုက်​ထဲ​က ကြီး​စွာ​သော​အ​သံ​နှင့် သင်​တို့​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​မိန့်​မြွက်​တော်​မူ၏။ ထပ်၍ မိန့်​မြွက်​တော်​မ​မူ။ ထို​စ​ကား​တော်​ကို​လည်း ကျောက်​ပြား​နှစ်​ပြား​ပေါ်​မှာ​ရေး၍ ငါ၌​အပ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ