တရားဟော 17:7Judson Bibleထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင်တို့ကို ကယ်နုတ်ဆောင်ယူခဲ့တော်မူသော သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဖို့ မှာထားတော်မူသောလမ်းမှ ထွက်စေခြင်းငှာလည်းကောင်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။