Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 17:8

Judson Bible

သင့်​နေ​ရာ​မြို့​တွင် လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု၊ တ​ရား​တွေ့​ခြင်း​အ​မှု၊ လူ​ချင်း​ရိုက်​ပုတ်​ခြင်း​အ​မှု​တို့​သည် မင်း​ရှေ့​သို့​ရောက်၍ မ​စီ​ရင် မ​ဆုံး​ဖြတ်​နိုင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည် စော​စော​ထ၍ တံ​ခါး​ဝ​မှာ ရပ်​နေ​တတ်၏။ အ​မှု​ရှိ​သော​သူ​သည် စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​အံ့​သော​ငှာ၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​သော​အ​ခါ အ​ဗ​ရှ​လုံ​က၊ သင်​သည် အ​ဘယ်​မြို့​သား​ဖြစ်​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က ကိုယ်​တော်​ကျွန်​သည် ဤ​မည်​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​သား​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊

ဣ​ဇ​ဟာ​အ​မျိုး​ခေ​န​နိ​နှင့် သူ၏​သား​တို့​သည် မင်း​အ​ရာ​ရှိ၊ တ​ရား​သူ​ကြီး​ဖြစ်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပြင်​အ​မှု​ကို စောင့်​ရ​ကြ၏။

မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။

ထို​သူ​တို့​သည် ခပ်​သိမ်း​သော​အ​ချိန်၌ လူ​တို့​ကို​တ​ရား​စီ​ရင်​ကြ​၏။ ခက်​သော​အ​မှု၌ မော​ရှေ​၏​အ​ယူ​ကို​ခံ​ကြ​၏။ လွယ်​သော​အ​မှု​ကို အ​လို​လို​စီ​ရင်​ကြ​၏။

သ​ခင်​သည် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို​တုတ်​နှင့်​ရိုက်၍ ထို​ကျွန်​သေ​လျှင်၊ သ​ခင်​သည် လေး​သော​ဒဏ်​ကို​ခံ​ရ​မည်။

လူ​ချင်း​ခိုက်​ရန်​ပြု​ကြ၍၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​ကို ထိ​ခိုက်​သ​ဖြင့် ကိုယ်​ဝန်​ပျက်၍ အ​ခြား​သော​အ​နာ​မ​ဖြစ်​လျှင်၊ မိန်း​မ​လင်​စီ​ရင်​သည်​အ​တိုင်း ဒဏ်​ခံ​ရ​မည်။ မင်း​စီ​ရင်​သည်​အ​တိုင်း​လည်း ငွေ​ကို​လျော်​ရ​မည်။

နွား​သည် လူ​ယောက်ျား၊ မိန်း​မ​ကို​ခွေ့၍ လူ​သေ​လျှင်၊ စင်​စစ်​ထို​နွား​ကို ကျောက်​ခဲ​နှင့်​ပစ်၍​သတ်​ရ​မည်။ အ​သား​ကို​လည်း မ​စား​ရ။ နွား​ရှင်​ကို​ကား၊ အ​ပြစ်​လွှတ်​ရ​မည်။

သူ​ခိုး​သည် အိမ်​ကို​ထွင်း​ဖောက်​စဉ်၊ သူ​တစ်​ပါး​တွေ့၍ သေ​အောင်​သတ်​သော်​လည်း၊ သေ​စား​မ​သေ​စေ​ရ။

သူ​ခိုး​ကို​မ​တွေ့​လျှင်၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​နီး​ချင်း​ဥ​စ္စာ​ကို ယူ​သ​လော၊ မ​ယူ​လော​ဟု ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​မည်။

တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​တ​ရား​အ​မှု​ကို ယဇ်​ပု​ရော​ဟိတ်၌ မေး​မြန်း​ရ​မည်​မှာ၊

ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။

လူ​အ​သက်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ရ​မည်။

သို့​ရာ​တွင် လူ​အ​သက်​ကို​သေ​စေ​ခြင်း​ငှာ၊ သံ​လက်​နက်​နှင့်​ရိုက်​လျှင် လူ​သတ်​ဖြစ်၏။ လူ​သတ်​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

တ​ရား​အ​မှု​ကို​စီ​ရင်​သော​အ​ခါ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​ထောက်​ရ။ လူ​ငယ်​စ​ကား​ကို လူ​ကြီး​စ​ကား​ကဲ့​သို့ မှတ်​ရ​မည်။ အ​ဘယ်​လူ​ကို​မျှ မ​ကြောက်​ရ။ အ​ကြောင်း​မူ​ကား၊ တ​ရား​အ​မှု​ကို ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ကြောင့်​တည်း။ ကိုယ်​တိုင်​မ​စီ​ရင်​တတ်​သော​အ​မှု​ကို ငါ့​ထံ​မှာ​အ​ယူ​ခံ​ရ​မည်။ ငါ​လည်း​နား​ထောင်​မည်​ဟု မှာ​ခဲ့၏။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

တ​ရား​တွေ့​သော​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​လည်း​ကောင်း၊ ထို​ကာ​လ၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​ရှေ့​သို့​လည်း​ကောင်း​လာ​သ​ဖြင့်၊

လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​ကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ချဉ်း၍ တ​ရား​တွေ့​ခြင်း​အ​မှု၊ ရိုက်​ပုတ်​ခြင်း​အ​မှု ရှိ​သ​မျှ​တို့​ကို စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ