သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။
လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတစ်ယောက်တည်းသာရှိလျှင် မသတ်ရ။
သို့မဟုတ် သင်၏စကားကို နားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့။-
ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟု ဆိုလျှင်၊-
ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံ နှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။-
လူသည် ပြုမိသောဒုစရိုက်၊ ပြစ်မှားမိသောအပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတစ်ဦးတည်းရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
သက်သေခံနှစ်ဦးသုံးဦး မရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။-
မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။-