သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။
သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ သူတစ်ပါးတို့အား ချေးငှားတတ်သည်ဖြစ်၍၊ သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၏။
ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။
သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တစ်ပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။
တောင်းသောသူအား ပေးလော့။ ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်။-
သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။-
ငါတို့သည် ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှုကို ငါသည် အလိုအလျောက် ကြိုးစားအားထုတ်လေ့ရှိ၏။