Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 15:7

Judson Bible

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​တွင်၊ မြို့​တစ်​စုံ​တစ်​မြို့၌ ဆင်း​ရဲ​သော ညီ​အစ်​ကို​ချင်း​ရှိ​လျှင်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို၌ သင်​သည် သ​နား​သော​စိတ်​ကို မ​ချုပ်​တည်း​ရ။ လက်​ကို​လည်း မ​ပိတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယောက်ျား​မိန်း​မ​များ​တို့​သည် အ​မျိုး​သား​ချင်း ယု​ဒ​လူ​တို့​ကို အ​လွန်​အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။

မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။

ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။

မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

သင်၏​အ​မျိုး​သား​ချင်း​သည် ဆင်း​ရဲ၍​လက်​အား​လျော့​သ​ဖြင့် တစ်​ပါး​အ​မျိုး​သား ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​ဖြစ်​လျှင်၊ သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ သူ့​ကို​မ​စ​ရ​မည်။

ငွေ​ရှင်​သည် နား​မ​ထောင်​ဘဲ​သွား၍ ကြွေး​ကို​မ​ဆပ်​မီ​တိုင်​အောင် သူ့​ကို​ထောင်​ထဲ​မှာ လှောင်​ထား၏။-

တောင်း​သော​သူ​အား ပေး​လော့။ ချေး​ငှား​လို​သော​သူ​ကို​လည်း မ​ငြင်း​မ​ပယ်​နှင့်။-

သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင့်​နေ​ရာ​မြို့​ရွာ​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ငှား​ကို မ​ညှဉ်း​ဆဲ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ