Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 15:9

Judson Bible

သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု​သော​ကြောင့် ဆင်း​ရဲ​သား​ငို​ကြွေး​သံ​သည် ရှေ့​တော်​သို့ တက်၍၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ၏ ငို​ကြွေး​သံ​ကို ကြား​တော်​မူ​ရ၏။

အ​ဓ​မ္မ​အ​မှု​အ​ရာ​ကို မျက်​မှောက်​မ​ပြု​ပါ။ လမ်း​လွှဲ​သော​သူ၏​အ​မှု​ကို ရွံ​ရှာ​သည်​ဖြစ်၍၊ ငါ၌ မ​မှီ​မ​ကပ်​ရ။

ဆင်း​ရဲ​သော​သူ​သည် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း၊ ငတ်​မွတ်​သော​သူ၏ ငို​ကြွေး​ခြင်း​ကြောင့် ယ​ခု​ငါ​ထ​မည်။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​သူ​အား ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။

မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို သင်​တို့​သည်​မ​နှောင့်​ယှက်​ရ။

နှောင့်​ယှက်​ခြင်း တစ်​စုံ​တစ်​ခု​ကို​ပြု၍ သူ​တို့​သည် ငါ့​အား​အ​နည်း​ငယ်​အော်​ဟစ်​လျှင်၊ ငါ​သည် ထို​အ​သံ​ကို​အ​မှန်​ကြား၍၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။

မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။

ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။

မ​နာ​လို​သော​သူ၏ အ​စာ​ကို မ​စား​နှင့်။ သူ၏​ခဲ​ဖွယ်​စား​ဖွယ်​ကို အ​လို​မ​ရှိ​နှင့်။

မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။

ငွေ​ရ​တတ်​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​သော​သူ​သည် မ​နာ​လို​သော​သ​ဘော​ရှိ​တတ်၏။ နောက်​တစ်​ဖန် ဆင်း​ရဲ​ခြင်း​သို့ ရောက်​မည်​ဟု မ​အောက်​မေ့​တတ်။

နှ​လုံး​သည် အ​သက်၏​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်၊ သင်၏​နှ​လုံး​ကို အ​ထူး​သ​ဖြင့် စောင့်​ရှောက်​လော့။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

သင်​တို့​သည် အ​သီး​အ​သီး​ဝယ်​သော ညီ​အစ်​ကို​ချင်း ဟေ​ဗြဲ​အ​မျိုး​သား​တို့​ကို ခု​နစ်​နှစ်​စေ့​လျှင် လွှတ်​ရ​မည်။ ခြောက်​နှစ်​ပတ်​လုံး သင်​တို့၌ အ​စေ​ကျွန်​ခံ​ပြီး​မှ၊ လွတ်​သော​အ​ခွင့်​ကို ပေး​ရ​မည်​ဟု ပ​ညတ်​သော်​လည်း၊ သင်​တို့ ဘိုး​ဘေး​များ​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်၊ နား​ကို ပိတ်​လျက်​နေ​ကြ၏။

မ​ကောင်း​သော ကြံ​စည်​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ မ​မှန်​သော သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​ရာ​တို့​သည် နှ​လုံး​ထဲ​က ထွက်​လာ၍၊-

ငါ​သည် ကိုယ်​ဥ​စ္စာ​ကို ပြု​လို​သ​မျှ​မ​ပြု​ရာ​သ​လော။ ငါ့​သ​ဘော​ကောင်း​သော​ကြောင့် သင်​သည် မျက်​မုန်း​ကြိုး​ရ​သ​လော​ဟု ဆို​လေ၏။-

ခု​နစ်​နှစ်​တစ်​ခါ လွှတ်​ခြင်း​ကို ပြု​ရ​မည်။

နေ့​စဉ်​မ​ပြတ် သူ့​အ​ခ​ကို ပေး​ရ​မည်။ မ​ပေး​ဘဲ နေ​မ​ဝင်​စေ​နှင့်။ သူ​သည် ဆင်း​ရဲ​သော​ကြောင့် ရ​ထိုက်​သော​အ​ခ​ကို​လည်း စိတ်​စွဲ​လမ်း​လျက် ရှိ​လိမ့်​မည်။ မ​ပေး​ဘဲ​နေ​လျှင် သူ​သည် သင့်​ကို​အ​ပြစ်​တင်၍ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သ​ဖြင့် သင်၌​အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

မှာ​ထား​သည်​ကား၊ ခု​နစ်​နှစ်​စေ့၍ ကျွန်​များ​ကို​လွှတ်​ခြင်း​ငှာ ချိန်း​ချက်​သော​နှစ်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​ရောက်​မှ၊

ထို​ကြောင့်၊ ကောင်း​သော​အ​ကျင့်​ကို သိ​လျက် မ​ကျင့်​ဘဲ​နေ​သော​သူ​သည် အ​ပြစ်​ရှိ၏။

ကျမ်း​စာ​ချက် အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့၌ တည်​နေ​သော ဝိ​ညာဉ်​တော်​သည် ငြူ​စူ​စေ​ချင်​သော သ​ဘော​ရှိ​သည် ဟူ၍​လည်း​ကောင်း၊ ထင်​ကြ​သ​လော။-

နား​ထောင်​ကြ။ သင်​တို့​လယ်​ကွက်၌ ရိတ်​သော​သူ​တို့​ကို လှည့်​စား၍၊ အ​ခ​မ​ပေး​ဘဲ​နေ​သော​ကြောင့်၊ ထို​အ​ခ​သည် ကြွေး​ကြော်​လေ၏။ ရိတ်​သော​သူ​တို့၏ အော်​ဟစ်​ခြင်း​အ​သံ​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နား​တော်​ထဲ​သို့​ဝင်​လေ​ပြီ။-

ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။-

မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ