တောလည် 14:4Judson Bibleတစ်ဖန် လူတစ်စုံတစ်ယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တစ်ယောက်ကိုတစ်ယောက် ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တစ်လပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် ပြောဆိုကြပြီတကားဟု မောရှေအားမိန့်တော်မူ၏။
ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရဟု မိန့်တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တစ်ဖန်သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထိုပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကိုမဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏