Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 14:3

Judson Bible

ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​တွင် ပြု​တော်​မူ​သော အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​အောက်​မေ့။ အာ​ဏာ​တော်​ကို​ငြင်း​ဆန်​လျက်၊ လည်​ပင်း​ခိုင်​မာ​သည် ဖြစ်၍၊ ကျွန်​ခံ​ရာ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လို​သော​ငှာ၊ လူ​ကြီး​တစ်​ဦး​ကို ချီး​မြှောက်​ကြ၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ပြစ်​ကို​ဖြေ​တတ်​သော​ဘု​ရား၊ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့်​ပြည့်​စုံ၍၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း​နှင့် ကြွယ်​ဝ​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သူ​တို့​ကို စွန့်​ပစ်​တော်​မ​မူ။

သူ​တို့​သည် ကိုယ်​တော်​ကို​တော၌​ပုန်​ကန်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ စိတ်​တော်​နာ​ဖွယ်​သော အ​ကြောင်း​ကို ကြိမ်​ဖန်​များ​စွာ ပြု​ကြ​ပါ​သည်​တ​ကား။

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ကြည့်​ရှု၍ စီ​ရင်​တော်​မူ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ဖာ​ရော​မင်း​နှင့် အ​မှု​တော်​ထမ်း​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ရွံ​ရှာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ကို သတ်​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ပြု​ကြ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

စစ်​မှု​ကို မ​တွေ့​မြင်၊ တံ​ပိုး​မှုတ်​သံ​ကို မ​ကြား၊ မ​ငတ်​မ​မွတ်​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​သို့ သွား၍​နေ​မည်​ဟု ဆို​လျှင်၊

ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​သို့ မ​သွား​ကြ​နှင့်​ဟု သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ငါ​သည်​သင်​တို့​ကို ယ​နေ့ သက်​သေ​ခံ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​နှာ​ခေါင်း​ထဲ​က အ​မဲ​သား​ထွက်၍ ရွံ​စ​ရာ​ဖြစ်​သည်​တိုင်​အောင် တစ်​လ​ပတ်​လုံး စား​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ သင်​တို့​သည် မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ထွက်​လာ​ရ​ကြ​သ​နည်း​ဟု ရှေ့​တော်၌​ငို​ကြွေး​လျက် ပြော​ဆို​ကြ​ပြီ​တ​ကား​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

သင်​သည် ဤ​တော၌ ငါ​တို့​ကို​သတ်​လို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​မှ ဆောင်​ခဲ့​သော်​လည်း၊ ငါ​တို့​အ​ပေါ်၌ လုံး​လုံး​မင်း​မ​ပြု​ရ​လျှင်၊ စိတ်​မ​ပြေ​သေး​သည် တ​ကား။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။

သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။

ထို​သူ၏​စ​ကား​ကို ငါ​တို့​အ​ဘ​များ​သည် နား​မ​ထောင်​လို​ဘဲ​လျက် ပယ်၍၊-

ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ