Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 14:2

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊

ငါ​သည်​မွေး​စ​က အ​ဘယ်​ကြောင့် မ​သေ​သ​နည်း။ အ​မိ​ဝမ်း​ထဲ​မှ​ထွက်​စ​က အ​ဘယ်​ကြောင့် အ​သက်​မ​ချုပ်​သ​နည်း။

ထို​သူ​တို့​သည်​လည်း စ​ကား​တော်​ကို​မ​ယုံ၊ သာ​ယာ​သော​ပြည်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။

မိ​မိ​တို့​တဲ​များ၌ ဆန့်​ကျင်​ဘက်​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​မ​ထောင်​ဘဲ နေ​ကြ၏။

ဝန်​ခံ​ခြင်း​က​တိ​တော်​ကို သူ​တို့​အ​ဖို့​အောက်​မေ့၍၊ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း နောင်​တ​ရ​တော်​မူ၏။

မော​ရှေ​ကို​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​သင်္ချိုင်း​မ​ရှိ​သော​ကြောင့်၊ ဤ​တော၌ သေ​စေ​ခြင်း​ငှာ ငါ​တို့​ကို​ဆောင်​ခဲ့​သ​လော။ ငါ​တို့​ကို ဤ​သို့​ပြု၍၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

လူ​များ​တို့​သည် မော​ရှေ​ကို​အ​ပြစ်​တင်၍​မြည်​တမ်း​လျက်၊ အ​ဘယ်​သို့ သောက်​ရ​ပါ​မည်​နည်း​ဟု​ဆို​ကြ​၏။

လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။

တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။

ထို​သို့ အ​ကျွန်ုပ်၌​ပြု​တော်​မူ​လျှင်​လည်း​ကောင်း၊ စိတ်​တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို အ​လျင်​အ​မြန်​သေ​စေ​တော်​မူ​ပါ။ ကိုယ်​ဆင်း​ရဲ​ကို ကိုယ်​မ​သိ​မ​မြင်​ပါ​စေ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။

အဲ​ဂု​တ္တု​ပြည်၌ အ​လို​အ​လျောက်​စား​ရ​သော​ငါး​သား၊ သ​ခွား​သီး၊ ဖ​ရဲ​သီး၊ ကြက်​သွန်၊ အ​နီ၊ အ​ဖြူ၊ အ​ရိုင်း​အ​မျိုး​မျိုး​တို့​ကို အောက်​မေ့၏။

ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။

ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊

သင်​သည် ဤ​တော၌ ငါ​တို့​ကို​သတ်​လို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​မှ ဆောင်​ခဲ့​သော်​လည်း၊ ငါ​တို့​အ​ပေါ်၌ လုံး​လုံး​မင်း​မ​ပြု​ရ​လျှင်၊ စိတ်​မ​ပြေ​သေး​သည် တ​ကား။

နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။

မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍၊ မင်း​အ​ပေါင်း​တို့​သည် ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက်၊ မင်း​တစ်​ဦး​လျှင် လှံ​တံ​တစ်​ချောင်း​စီ လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို ပေး​ကြ၏။ အာ​ရုန်၏​လှံ​တံ​သည် လှံ​တံ​များ၌​ပါ​သ​တည်း။

ပ​ရိ​သတ်​တို့ သောက်​စ​ရာ​ရေ​မ​ရှိ​သော​ကြောင့်၊ မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​လျက်၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငါ​တို့​အစ်​ကို​များ​သေ​သော​အ​ခါ၊ ငါ​တို့​လည်း​မ​သေ​ပါ​လေ။

ငါ​တို့​နှင့် ငါ​တို့​တိ​ရ​စ္ဆာန်​များ​ကို သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​ကို ဤ​တော​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။

ထို​သူ​အ​ချို့​တို့​သည် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ ဖျက်​ဆီး​သော​သူ၏ လက်​ဖြင့် ပျက်​စီး​သ​ကဲ့​သို့​မ​ဟုတ်၊ မြည်​တမ်း​ခြင်း​ကို​မ​ပြု​ကြ​နှင့်။-

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သွား၍​ငါ​ပေး​သော​ပြည်​ကို သိမ်း​ယူ​ကြ​လော့​ဟု သင်​တို့​ကို စေ​ခိုင်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ကို ငြင်း​ဆန်​ကြ၏။ ကိုယ်​တော်​ကို​မ​ယုံ၊ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ကြား​ပြီး​မှ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​ကား၊ အ​ဘယ်​သူ​နည်း။ မော​ရှေ​နောက်​သို့​လိုက်၍ အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပြု​ကြ​သည် မ​ဟုတ်​လော။-

ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ