Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 14:5

Judson Bible

မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊

လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

ထို​သို့ သူ​တို့​သည် ကွပ်​မျက်​ကြ​သော​အ​ခါ၊ ငါ​နေ​ရစ်​စဉ်​တွင် ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့ အ​မျက်​တော်​ကို​သွန်း​လောင်း၍၊ ကျန်​ကြွင်း​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး​ကို ဖျက်​ဆီး​တော်​မူ​မည်​လော​ဟု ကြွေး​ကြော်၍ လျှောက်​လေ၏။

သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊

သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။

ထို​စ​ကား​ကို​မော​ရှေ​ကြား​လျှင် ပျပ်​ဝပ်​လျက်​နေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပုန်​ကန်​သော​သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်၏​လှံ​တံ​ကို သက်​သေ​ခံ​ချက်​ရှေ့၌ ပြန်​ထား၍ အ​မြဲ​ရှိ​စေ​လော့။ ထို​သို့ သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို ငါ​နား​မ​ငြီး​ရာ​ဟု၊

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။

ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-

ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ထ​လော့။ အ​ဘယ်​ကြောင့် ဝပ်၍​နေ​သ​နည်း။

အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊-

သ​တ္တ​ဝါ​လေး​ပါး​တို့​က​လည်း အာ​မင်​ဟု ခေါ်​ဝေါ်​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ၏။

ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ