Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:26

Judson Bible

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် တိ​ရှ​ဘိ​မြို့​သား ဧ​လိ​ယ​အား​လည်း၊ ရှ​မာ​ရိ​ရှင်​ဘု​ရင်​စေ​လွှတ်​သော သံ​တ​မန်​တို့​ကို ကြို​ဆို​ခြင်း​ငှာ ထ​သွား​လော့။ ဣ​သ​ရေ​လ​ပြည်၌ ဘု​ရား​သ​ခင်​မ​ရှိ​သော​ကြောင့်၊ ဧ​ကြုန်​မြို့၏​ဘု​ရား​ဗာ​လ​ဇေ​ဗုပ်​သို့​သွား၍ မေး​မြန်း​ရ​သ​လော။

ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။

ထို​အ​မှု​ကို အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်၍ ကြောက်​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် မြင်၍ အ​လွန် တုန်​လှုပ်​လိမ့်​မည်။ ဧ​ကြုန်​မြို့​လည်း မျှော်​လင့်၍ အ​ရှက်​ကွဲ​သော​ကြောင့် ထို​အ​တူ​ဖြစ်​လိမ့်​မည်။ ဂါ​ဇ​မင်း​ကြီး​သည် ဆုံး​လိမ့်​မည်။ အာ​ရှ​ကေ​လုန်​မြို့​သည်​လည်း အ​စိုး​မ​ရ။

ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-

ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊-

ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ့​ကို​ပိုင်​တော်​မူ၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် ယ​နေ့​ည​တွင် ငါ့​အ​နား​မှာ ပေါ်​လာ​လျက်၊-

ည​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​ကို​ဖွင့်​ပြီး​လျှင်၊ ထို​သူ​တို့​ကို​နုတ်၍၊ သင်​တို့​သွား​ကြ​လော့။-

ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊-

ဖိ​လိ​ပ္ပု​သည်​လည်း၊ ရှ​မာ​ရိ​မြို့​သို့​သွား၍ ခ​ရစ်​တော်၏ အ​ကြောင်း​ကို​ဟော​လေ၏။-

ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။

အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊

အာ​ဇုတ်​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊ အဲ​ဂု​တ္တု​မြစ်၊ ပင်​လယ်​ကြီး၊ ပင်​လယ်​ကမ်း​ပါး​တိုင်​အောင်၊ ဂါ​ဇ​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ