Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:27

Judson Bible

ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ရှေ​ဘ​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ဂုဏ်​အ​သ​ရေ​နှင့် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ​လာ၏။

ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဗိ​မာန်​တော်​အ​ဖို့ ရှင်​ဘု​ရင်​တို့​သည် ကိုယ်​တော်​ထံ​သို့ လက်​ဆောင်​များ​ကို ဆောင်​ခဲ့​ကြ​ပါ​စေ​သော။

အဲ​ဂု​တ္တု​ပြည်​မှ သံ​တ​မန်​တို့​သည် လာ​ကြ​ပါ​စေ​သော။ ကု​ရှ​ပြည်​သည် မိ​မိ​လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ အ​လျင်​အ​မြန် ဆန့်​ရ​ပါ​စေ​သော။

ငါ့​ကို​သိ​ကျွမ်း​သော​သူ​တို့​တွင်၊ ရာ​ခပ်​မြို့​နှင့် ဗာ​ဗု​လုန်​မြို့​ကို ငါ​မှတ်​ထား​မည်။ ဖိ​လိ​တ္တိ​ပြည်၊ တု​ရု​ပြည်၊ ကု​ရှ​ပြည်​တို့​ကို​လည်း ကြည့်​ကြ​လော့။ ဤ​မည်​သော​ပြည်​သား​သည် မြို့​တော်၌ ဖွား​မြင်​သော​သူ​ဖြစ်၏။

ထို​အ​ခါ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင် ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​များ​ကွဲ​ပြား​သော မြေ၌​နေ​သော​လူ​မျိုး​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​တည်​ရာ ဇိ​အုန်​တောင်​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​သ​တည်း။

အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဆည်း​ပူး​သော​ဥ​စ္စာ၊ ကု​ရှ​ပြည်​သား၊ အ​ရပ်​မြင့်​သော သေ​ဘ​အ​မျိုး​သား ပြု​စု​သော​ကုန်​သွယ်​ဥ​စ္စာ​သည် သင့်​ဘက်​သို့​ရောက်၍၊ သင်၏​ဥ​စ္စာ ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​တို့​သည် သင့်​နောက်​သို့​လိုက်၍ သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် လမ်း၌ လျှောက်​သွား​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ပျပ်​ဝပ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ၏။ ထို​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သာ​ဘု​ရား​သ​ခင် မည်​မျှ​မ​ရှိ​ပါ​ဟူ၍ တောင်း​ပန်​ကြ​လိမ့်​မည်။

တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။

ထို​သူ​တို့​တွင် အ​လံ​ကို ငါ​ထူ​မည်။ ဘေး​လွတ်​သော သူ​တို့​ကို တာ​ရှု​ပြည်၊ ဖု​လ​ပြည်၊ လေး​လက်​နက်​ကို သုံး​တတ်​သော လု​ဒ​ပြည်၊ တု​ဗ​လ​ပြည်၊ ယာ​ဝန်​ပြည်​မှ​စ၍၊ ငါ၏​နာ​မ​ကို​မ​ကြား၊ ငါ၏​ဘုန်း​ကို မ​မြင်၊ ဝေး​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သို့ စေ​လွှတ်​သ​ဖြင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​ဘုန်း​ကို ဟော​ပြော​ကြ​လိမ့်​မည်။

အဲ​သ​ယော​ပိ​လူ​သည် မိ​မိ​အ​ရေ၏​အ​ဆင်း​ကို​လည်း​ကောင်း၊ ကျား​သစ်​သည် မိ​မိ​အ​ကွက်​အ​ကျား​တို့​ကို​လည်း​ကောင်း ပြောင်း​လဲ​နိုင်​သ​လော။ ပြောင်း​လဲ​နိုင်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​လေ့​ရှိ​သော​သူ​တို့​သည်၊ သု​စ​ရိုက်​ကို​ပြု​ခြင်း​ငှာ တတ်​နိုင်​ကြ​လိမ့်​မည်။

ထို​သို့ ယေ​ရ​မိ​ကို မြေ​တွင်း၌ ချ​ထား​ကြောင်း​ကို နန်း​တော်​အ​ရာ​ရှိ​ဖြစ်​သော​သူ၊ ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​သည် ကြား​သိ​သော​အ​ခါ၊ ရှင်​ဘု​ရင်​သည် ဗင်္ယာ​မိန်​တံ​ခါး​ဝ၌ ထိုင်​နေ​တော်​မူ​စဉ်​တွင်၊

သင်​သည် ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့၏​အ​ကျိုး​ကို မ​ပြု​စု၊ ဖျက်​ဆီး​ခြင်း​ငှာ ငါ့​စ​ကား​ကို ငါ​တည်​စေ​မည်။ ကာ​လ​အ​ချိန်​ရောက်​လျှင်၊ သင့်​ရှေ့၌ ငါ့​စ​ကား ပြည့်​စုံ​လိမ့်​မည်။

ကု​ရှ​ပြည်၏​မြစ်​တို့​တစ်​ဖက်၊ အ​ရပ်​ရပ်၌ ကွဲ​ပြား​လျက်​နေ​သော ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ ငါ့​ကို တောင်း​ပန်​သော သူ​တို့​သည် ငါ့​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​မည်။

တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-

ပြန်​စဉ်​တွင် မိ​မိ​ရ​ထား​ပေါ်၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ဖတ်​လေ၏။-

တ​ရား​တော်​ကို ငါ​တို့​သည် နား​ထောင်၍ စောင့်​ရှောက်​မည်​အ​ကြောင်း၊ ပင်​လယ်​ကို အ​ဘယ်​သူ​ကူး၍ ငါ​တို့​ထံ​သို့​ဆောင်​ခဲ့​လိမ့်​မည်​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သည်​မ​ဟုတ်။

အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ