တမန်တော်ဝတ္ထု 8:25Judson Bibleတမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
နေ့ရက်ကိုချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သက်သေခံသဖြင့်လည်းကောင်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော် ဟောပြောလေ၏။
ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ၊ ငါစိတ်ထင်သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့် ယခုပေးလိုက်၏။-