Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 7:9

Judson Bible

အ​မျိုး၏​အ​ဘ​တို့​သည်​လည်း ငြူ​စူ​သော​စိတ်​ရှိ၍၊ ယော​သပ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ရောင်း​လိုက်​ကြ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို​စောင့်​မ​တော်​မူ​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။

ထို​သို့​အိမ်​နှင့်​ဥ​စ္စာ​ရှိ​သ​မျှ​ကို အုပ်​စိုး​စေ​သည်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​အ​တွက် ထို​အဲ​ဂု​တ္တု​သား၏​အိမ်​ကို ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ပေး​တော်​မူ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် အ​တွင်း၊ ပြင်၊ ဥ​စ္စာ​ရှိ​ရှိ​သ​မျှ​အ​ပေါ်​မှာ​လည်း သက်​ရောက်​လေ၏။

ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။

ကျွန်​ဖြစ်​စေ​ဖို့ အ​ရောင်း​ခံ​ရ​သော​ယော​သပ်​ကို သူ​တို့​ရှေ့​မှာ စေ​လွှတ်​တော်​မူ၏။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။

သို့​သော်​လည်း၊ အို ဇေ​ရု​ဗ​ဗေ​လ၊ အား​ယူ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ အို ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု၊ အား​ယူ​လော့။ အို ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့၊ အား​ယူ​ကြ​လော့​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။

အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။-

မေ​တ္တာ​သည် စိတ်​ရှည်​တတ်၏။ ကျေး​ဇူး​ပြု​တတ်၏။ မေ​တ္တာ​သည် ဂုဏ်​ပြိုင်​ခြင်း​မ​ရှိ၊ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာန်​မာ​န​မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ