Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 7:8

Judson Bible

ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​သည်​အ​မုန်း​ခံ​ရ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ​မြင်၍၊ သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ရာ​ခေ​လ​မူ​ကား​မြုံ၏။

ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊

ထို​နောက်​တစ်​ဖန် ဗေ​သ​လ​အ​ရပ်​မှ ခ​ရီး​သွား​ပြန်၍၊ ဧ​ဖ​ရတ်​မြို့​နှင့်​နီး​သော​အ​ခါ၊ ရာ​ခေ​လ​သည် သား​ဖွား​အံ့​သော​အ​ချိန်​ရောက်၍၊ ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏။

ရာ​ခေ​လ​သည်​သေ​အံ့​ဆဲ​ဆဲ​ရှိ၍၊ နာမ်​ဝိ​ညာဉ်​ထွက်​စဉ်​အ​ခါ၊ ထို​သား​ကို ဗေ​နော​နိ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ဘ​မူ​ကား ဗင်္ယာ​မိန်​အ​မည်​ဖြင့်​မှည့်​သ​တည်း။

အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်၊ ဣ​ဇာက်​သား​ကား ဧ​သော​နှင့် ဣ​သ​ရေ​လ​တည်း။

အာ​ဗြ​ဟံ​သား ဣ​ဇာက်။ ဣ​ဇာက်​သား ယာ​ကုပ်။ ယာ​ကုပ်​သား ယု​ဒ​မှ​စ၍ ညီ​နောင်​တစ်​စု။-

မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို သင်​တို့​အား​ပေး၏။ ထို​သို့​ဆို​သော် မော​ရှေ​မှ အ​စ​စွာ​ခံ​ရ​သည်​ဟု မ​ဆို​လို။ ဘိုး​ဘေး​များ​မှ ဆက်​ခံ​ရ​သ​တည်း၊ ထို​ကြောင့် ဥ​ပုသ်​နေ့၌ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ကြ၏။-

ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။-

ထို​သို့​ဆို​သော် အ​ဘယ်​သို့ မှတ်​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ပြီး​မှ မှတ်​သ​လော။ မ​ခံ​မီ မှတ်​သ​လော။ ခံ​ပြီး​မှ​မှတ်​သည် မ​ဟုတ်။ မ​ခံ​မီ မှတ်​သ​တည်း။-

ညီ​အစ်​ကို​တို့၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ငါ​ပြော​မည်။ လူ​သော်​လည်း ဝန်​ခံ​စာ​ကို​ချုပ်​ပြီး​မှ အ​ဘယ် သူ​မျှ​မ​ပယ်​ရ။ ထပ်​ဆင့်၍​စ​ကား​ကို မ​သွင်း​ရ။-

ငါ​ဆို​သည်​ကား၊ ခ​ရစ်​တော်​ကို​ရည်​မှတ်၍ ဘု​ရား​သ​ခင် တည်​စေ​တော်​မူ​နှင့်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​နှစ်​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ နောက်​ဖြစ်​သော ပ​ညတ်​တ​ရား​သည် မ​ပယ်​နိုင်။ က​တိ​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​နိုင်။-

အ​မျိုး၏ အ​ဘ​အာ​ဗြ​ဟံ​သည်၊ လက်​ရ​ဥ​စ္စာ​များ​ကို ဆယ်​ဖို့​တစ်​ဖို့​လှူ၍ အ​လှူ​ခံ​သော​ထို​မင်း​သည် အ​ဘယ်​မျှ​လောက် ကြီး​မြတ်​သည်​ကို ဆင်​ခြင်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ