သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၏။-
ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်မည်အကြောင်း၊ သင့်ကိုဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
ဘုရားသခင်က၊ အကယ်စင်စစ်ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟူမူကား၊ သင်သည်ထိုလူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။