Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 7:10

Judson Bible

အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။

ယော​သပ်​သည်​နိုင်​ငံ​အုပ်​ဖြစ်၍ ပြည်​သား​အ​ပေါင်း​တို့​အား ရောင်း​သော​အ​မှု​ကို စီ​ရင်​လေ၏။ ယော​သပ်​အစ်​ကို​တို့​သည်​လာ၍ သူ့​ရှေ့​မှာ ဦး​ညွှတ်​ချ​ကြ၏။

ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။

ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သော်​လည်း၊ ကိုယ်​တော်​ကို ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​ပြစ် အ​လုံး​စုံ​တို့​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ သိမ်း​သွား​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​တို့​ကို သ​နား​စေ​ခြင်း​ငှာ၊ က​ရု​ဏာ​စိတ်​သ​ဘော​ကို ပေး​တော်​မူ​ပါ။

အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​မ​စ​ကယ်​တင်​တော်​မူ​မည်။ ယုံ​ကြည်​ခို​လှုံ​သော​ကြောင့်၊ မ​တ​ရား​သော​သူ​တို့​လက်​မှ နုတ်​ယူ​ကယ်​တင်​တော်​မူ​မည်။

လူ​ကျင့်​သော​အ​ကျင့်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​သော​အ​ခါ၊ ထို​သူ၏​ရန်​သူ​ကို​ပင် သူ​နှင့် သင့်​တင့်​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။

ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။

ယေ​ရ​မိ​ကို​ယူ၍ ကောင်း​မွန်​စွာ​ကြည့်​ရှု​လော့။ မ​ညှဉ်း​ဆဲ​နှင့်။ သူ​ပြော​သည်​အ​တိုင်း သူ့​ကို​ပြု​လော့​ဟု မှာ​ထား​တော်​မူ​သည်​နှင့် အ​ညီ၊

ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ