Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:12

Judson Bible

တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဤ​အိမ်​တော်​သည် ရှိ​လော​ရွာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ ဤ​မြို့​သည် လူ​မ​ရှိ၊ ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်​ဟု သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ အ​ဘယ်​ကြောင့် ဟော​သ​နည်း​ဟု ပြော​ဆို​လျက်၊ လူ​များ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​တွင် ယေ​ရ​မိ​တစ်​ဖက်၌ စု​ဝေး​ကြ၏။

တ​ပည့်​တော်​တို့​သည်​လည်း ထွက်​သွား၍၊ သ​ခင်​ဘု​ရား​သည် မ​စ​တော်​မူ​သည်​နှင့်​လည်း​ကောင်း၊ သူ​တို့၌​ဖြစ်​သော နိ​မိတ်​လ​က္ခ​ဏာ​အား​ဖြင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို တည်​စေ​တော်​မူ​သည်​နှင့်​လည်း​ကောင်း ခပ်​သိမ်း​သော​အ​ရပ်​တို့၌ တ​ရား​ဟော​ကြ၏။ ရှင်​မာ​ကု​ခ​ရစ်​ဝင်​ပြီး၏။

ယေ​ရှု​သည် ဗိ​မာန်​တော်​နား​မှာ ရှော​လ​မုန်​က​နား​ပြင်၌ စင်္ကြံ​သွား​တော်​မူ​စဉ်​တွင်၊-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို မ​မြင်​ရ​လျှင် ယုံ​ခြင်း​မ​ရှိ​ကြ​ဟု မိန့်​တော်​မူ​သော်၊-

ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။

ထို​ကြောင့် ကြာ​မြင့်​စွာ​နေ၍ သ​ခင်​ဘု​ရား၏ တ​ရား​တော်​ကို မ​ဆုတ်​မ​ဆိုင်း ဟော​ပြော​လေ၏။ သ​ခင်​ဘု​ရား​သည်​လည်း ကျေး​ဇူး​တ​ရား​တော်​ဘက်၌ သက်​သေ​ခံ​တော်​မူ​လျက်၊ တ​မန်​တော်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ၏။-

ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။-

ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊-

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

ဤ​သို့​ပြု​သော​ကြောင့်၊ ထို​ကျွန်း၌ အ​နာ​ရော​ဂါ​စွဲ​သော အ​ခြား​သူ​ရှိ​သ​မျှ​တို့​သည် လာ၍ ချမ်း​သာ​ခြင်း​ကို ရ​ကြ၏။-

ထို​သူ​သည် ပေ​တ​ရု​နှင့် ယော​ဟန်​ကို အ​မှီ​ပြု​လျက်​ရှိ​ရာ​အ​ရပ်၊ ရှော​လ​မုန်​က​နား​ပြင်​အ​မည်​ရှိ​သော က​နား​ပြင်​သို့​ပြေး​ဝင်၍ စု​ဝေး​ကြ၏။

အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊ ကိုယ်​တော်၏​ကျွန်​တို့​သည် နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ ဟော​ပြော​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ၏။-

ထို​အ​ရပ်၌ အဲ​နေ​အ​မည်​ရှိ​သော လက်​ခြေ​သေ​၍​ရှစ်​နှစ်​ပတ်​လုံး အိပ်ရာ၌တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို တွေ့​လျှင်၊ အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​အား​ချမ်း​သာ​ပေး​တော်​မူ၏။-

ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။-

အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။-

ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ