Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:11

Judson Bible

သင်း​ဝင်​သူ​အ​ပေါင်း​မှ​စ၍ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

သူ​တို့​ကို မ​စွန့်​ပစ်​ဘဲ အ​စဉ်​ကျေး​ဇူး​ပြု​ခြင်း​ငှာ၊ သူ​တို့၌ ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​ထား​မည်။ သူ​တို့​သည်​လည်း ငါ့​ထံ​မှ မ​ထွက်​မ​သွား​မည်​အ​ကြောင်း၊ ငါ့​ကို ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြည့်​စုံ​စေ​မည်။

ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။-

လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ခြင်း​ရှိ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​ကြ၏။-

ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။-

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို​မ​ရ​ဘဲ မ​နေ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခါး​စွာ​သော ပင်​မြစ်​ပေါက်၍ သင်​တို့​နှောင့်​ယှက်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် အ​ပြစ်​နှင့် မ​ညစ်​ညူး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-

လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။-

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ