Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 5:13

Judson Bible

ကြွင်း​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ပေါင်း​ဖော်​ဝံ့​သော်​လည်း၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊

အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။

လူ​အ​ပေါင်း​တို့​သည် ဒေ​သ​နာ​တော်​ကို စေ့​စေ့​နား​ထောင်​သော​ကြောင့် သတ်​နိုင်​သော​အ​ခွင့်​ကို မ​တွေ့​မ​ရ​ကြ။

သို့​သော်​လည်း အ​ရာ​ရှိ​အ​များ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ၏။ တ​ရား​ဇ​ရပ်​မှ​ဖာ​ရိ​ရှဲ​တို့​သည် နှင်​ထုတ်​မည်​ကို စိုး​ရိမ်​သော​ကြောင့် ထင်​ရှား​စွာ​ဝန်​မ​ခံ​ကြ။-

ထို​နောက်​မှ အ​ရိ​မ​သဲ​မြို့​သား​ယော​သပ်​သည် ယု​ဒ​လူ​တို့​ကို​ကြောက်၍ မ​ထင်​မ​ရှား​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​သွား​မည်​အ​ကြောင်း အ​ခွင့်​တောင်း၏။ ပိ​လတ်​မင်း​အ​ခွင့်​ပေး​လျှင်၊ ထို​သူ​သည်​သွား၍ ယေ​ရှု၏​အ​လောင်း​တော်​ကို ယူ​လေ၏။-

ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။-

ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။-

ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။-

ထို​အ​ခါ ဗိ​မာန်​တော်​မှူး​သည် မင်း​လု​လင်​တို့​နှင့်​အ​တူ သွား​ပြန်​လျှင်၊ မိ​မိ​တို့​ကို လူ​များ​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​မည်​ကို စိုး​ရိမ်​သော​ကြောင့်၊ တ​မန်​တော်​တို့​ကို အ​နိုင်​အ​ထက်​မ​ပြု​ဘဲ ခေါ်​ဆောင်​လေ၏။-

ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​န​နိ​သည် လဲ၍​သေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။-

ငါ​တို့​သည် ကိုယ်​ငန်း​ကိုယ်​တာ​ကို​လွန်​ကျူး၍၊ သူ​တစ်​ပါး​အ​လုပ်​ထဲ​သို့ ဝင်​ခြင်း​ကြောင့် ဝါ​ကြွား​လေ့​ရှိ​ကြ​သည်​မ​ဟုတ်။ ထို​သို့ သူ့​ငန်း​သူ့​တာ​အ​တွင်း​တွင် ပြင်​ဆင်​ပြီး​သော အ​မှု​အ​ရာ​ကို ဝါ​ကြွား​ခြင်း​မ​ရှိ​ဘဲ၊ သင်​တို့ ပြည်​တစ်​ဖက်​သို့​ကူး၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ ရင့်​ပြီး​မှ၊ ငါ​တို့၏​အ​ငန်း​အ​တာ​သည် အ​လွန်​ကျယ်​ဝန်း​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ