Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:18

Judson Bible

ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။

ထို​သီ​တင်း ခြောက်​ဆယ်​နှစ်​သီ​တင်း​လွန်​ပြီး​မှ ခ​ရစ်​တော် သည် အ​ခွင့်​မ​ရ​ဘဲ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​နောက်​မှ​လာ​သော သ​ခင်၏​လူ​တို့​သည် မြို့​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း ဖြို​ဖျက်​ကြ​လိမ့်​မည်။ ရေ​လွှမ်း​မိုး​သော​အား​ဖြင့် ဆုံး​ရှုံး​ခြင်း​ဖြစ်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင် စစ်​တိုက်​ခြင်း၊ ပျက်​စီး​ရာ​နှင့်​ဆိုင်​သော စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ​လိမ့်​မည်။

ကျေး​ဇူး​တော်​ကို ခံ​သော​သ​ဘော၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​သ​ဘော​ကို ဒါ​ဝိဒ်​မင်း​မျိုး၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့ ထိုး​ဖောက်​သော ငါ့​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ တစ်​ယောက်​တည်း​သော​သား​အ​တွက် အ​ဘ​သည် ငို​ကြွေး​မြည်​တမ်း​သ​ကဲ့​သို့၊ ထို​သူ​အ​တွက် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ သား​ဦး​အ​တွက် အ​ဘ​သည် နာ​ကြည်း​ရ​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။

ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။-

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။

ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ