Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:17

Judson Bible

ယ​ခု​လည်း ညီ​အစ်​ကို​တို့၊ သင်​တို့​မှ​စ၍ အ​စိုး​ရ​သော​သူ​တို့​သည် မ​သိ​ဘဲ​လျက် ထို​သို့​ပြု​ကြ​သည်​ကို ငါ​သိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​မ​လက်​မင်း​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သည်​ကို ငါ​မ​သိ။ သင်​သည်​ငါ့​ကို​မ​ပြော။ ငါ​လည်း​ယ​နေ့​တိုင်​အောင် မ​ကြား​ရ​ဟု​ဆို၏။

ယော​သပ်​က​လည်း၊ ကျွန်​တော်​သ​ခင်​သည် အိမ်​တော်၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ကျွန်​တော်​လက်​သို့​အပ်​ပါ​ပြီ။ ကျွန်​တော်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​မှန်း​ကို​မျှ​မ​သိ​မ​မှတ်​ပါ။

ယော​သပ်​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ ငါ​ကဲ့​သို့​သော​ယောက်ျား​သည် ထူး​ဆန်း​သော​ဉာဏ်​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော​ဟု ဆို၏။

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။

သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။

တစ်​ဖန် ပိ​လတ်​မင်း​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ မင်း​အ​ရာ​ရှိ၊ လူ​များ​တို့​ကို​ခေါ်​၍၊

ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။-

ခ​မည်း​တော်​ကို​မ​သိ၊ ငါ့​ကို​လည်း မ​သိ​သော​ကြောင့် ထို​သို့​ပြု​ကြ​လိမ့်​မည်။-

သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-

ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။-

ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-

ထို​သူ​တို့​က၊ သင်၏​အ​ကြောင်း​ကို ကြား​လိုက်​သော​စာ​ကို ယု​ဒ​ပြည်​မှ အ​ကျွန်ုပ်​တို့​မ​ရ​ကြ။ ထို​ပြည်​မှ​လာ​သော ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ​မျှ သင်၌ အ​ပြစ်​ရှိ​ကြောင်း​ကို မ​ကြား​မ​ပြော​ပါ။-

ငါ​တို့​ရှေ့​မှာ သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ၌ အ​ဘယ်​သို့ ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ဟု အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ချင်​သော​စိတ်​နှင့် အာ​ရုန်​ကို ပြော​ဆို​ကြ၏။-

ဘု​ရား​သ​ခင်​သည် အ​ထက်​က သိ​မှတ်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊-

ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။-

သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။

ထို​သူ​တို့​သည် ဉာဏ်​အ​လင်း​ကွယ်​သည်​ဖြစ်၍၊ စိတ်​နှ​လုံး မိုက်​မဲ​သော​အား​ဖြင့် အ​လျှင်း​မ​သိ သော​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​သက်​နှင့် ကွာ​ရှင်း​လျက်​ရှိ​ကြ၏။-

ဤ​ကိုယ်​ခ​န္ဓာ၌ ငါ​သည်​အ​သက်​ရှင်​လျှင်၊ ငါ​ပြု​သော​အ​မှု၏ အ​ကျိုး​ကား ထို​သို့​သော​အ​ကျိုး ဖြစ်၏။ သို့​သော်​လည်း အ​ဘယ်​အ​ကျိုး​ကို ရွေး​ယူ​ရ​မည်​ဟု ငါ​မ​သိ။-

ငါ​သည် ကဲ့​ရဲ့​သော​သူ၊ ညှဉ်း​ဆဲ​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ ဖြစ်​ဖူး​သော်​လည်း၊ သ​စ္စာ​ရှိ​သော​သူ​ဟု ထို​သ​ခင်​သည် မှတ်၍၊ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား​တော်​မူ၏။ ထို​သို့​ငါ​ပြု​သော​အ​ခါ ယုံ​ခြင်း​မ​ရှိ၊ အ​မှန်​မ​သိ​ဘဲ ပြု​သော​ကြောင့်၊ က​ရု​ဏာ​တော်​ကို ငါ​ခံ​ရ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ